လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စစ်ဆေးမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၂၃ ဦးသည် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးစေသည့် အမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု South China Morning Post ကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။

CCTV ၏ အဆိုအရ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou မှ အစိုးရရှေ့နေများက မြီမိသားစုသည် “စက်မှုဇုန်များ” ထူထောင်ကာ ရာဇ၀တ်မှုမျိုးစုံအတွက် ငွေကြေးထောက်ပံ့သူများနှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံသား ၁၄ ဦးသေဆုံးခဲ့ပြီး ​၆ ဦးဒဏ်ရာရကာ ယွမ်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

အဆိုပါ ဂိုဏ်း၏လုပ်ငန်းများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်တွင် ဗဟိုပြုသည်ဟု ၎င်းတို့က စွပ်စွဲထားသည်။ အဆိုပါဂိုဏ်းသည် ထောင်ပေါင်းများစွာသော လိမ်လည်သူများကို စုစည်းထားသည့် စက်မှုဇုန်များနှင့် စုပေါင်းအိမ်ယာများ ကွန်ရက်ကို ထူထောင်ခဲ့ပြီး ၎င်းတို့၏ သားကောင်များကို ပစ်မှတ်ထားရန် နည်းမျိုးစုံကို အသုံးပြုခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် မြီမိသားစု ၏ ဂိုဏ်းသည် အခြားခြံဝင်းတစ်ခုသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းစဉ် ထွက်ပြေးရန် ကြိုးပမ်းသည့် တရုတ်သုံ့ပန်းများကို သတ်ဖြတ်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ မြီရာဇဝတ်ဂိုဏ်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး ကိုးကန့်ခေါင်းဆောင်မှုကော်မတီအဖွဲ့ဝင်ဟောင်းလည်းဖြစ်သည့် မြန်မာ-တရုတ်လူမျိုးမြီချောက်ချမ်းမှ ဦးဆောင်သည့် ခဲ့သည်။
သူသည်၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်သားများက ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်ဟု ယူဆရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *