ဝီဂါဒုက္ခသည် အယောက် ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းအား ထိုင်းနိုင်ငံကို ဥရောပပါလီမန်က ရှုတ်ချ

မတ်လ ၁၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံက ဝီဂါဒုက္ခသည် အယောက် ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းအားရှုတ်ချရန် ဥရောပပါလီမန်က မတ်လ ၁၃ ရက်နေ့တွင် ချမှတ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေသည့် ဥပဒေကို ဆက်လက်အသုံးပြုနေခြင်းကို ရှုတ်ချခဲ့သည်။


ယမန်နေ့က ထုတ်ပြန်သည့် EU ပါလီမန်မှ သတင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။ — “ဝီဂါဒုက္ခသည်တွေကို တရုတ်နိုင်ငံကို နှင်ထုတ်တာကို ပါလီမန်က ရှုတ်ချပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် ကျရောက်နေတဲ့ နိုင်ငံတွေဆီ အတင်းအကြပ် ပြန်ပို့တာကို ရပ်တန့်ဖို့ ထိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ကော်မရှင်ကို လွတ်လပ်စွာ ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထိုင်းနိုင်ငံကို ဖိအားပေးဖို့ ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံတကာက အလုပ်သမား ဒုက္ခသည်တွေ အားလုံးကို နေရပ်ပြန်ပို့တာကို ရပ်တန့်ဖို့ ဥရောပပါလီမန်ကိုယ်စားလှယ်များ က တောင်းဆိုလိုက်ပါတယ်။ “အကျဉ်းကျခံနေရတဲ့ Uyghur ခိုလှုံခွင့်တောင်းခံသူအားလုံးကို ကန့်သတ်မထားဘဲ ဝင်ရောက်ခွင့်ပေးဖို့ ကိုယ်စားလှယ်များ က ထိုင်းအစိုးရကို မေတ္တာရပ်ခံပါသည်။

ဖိနှိပ်ချုပ်ချယ်မှုအောက်မှတဆင့် အကျဉ်းချခံထားရသည့် အဖွဲ့အစည်းများကို လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ထိုင်းနိုင်ငံကို အားကောင်းစေချင်ပြီး၊ “တရုတ်နိုင်ငံနဲ့ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တွေကို ဆိုင်းငံ့ထားသင့်ပါတယ်၊ တရုတ်နိုင်ငံက ပြည်နှင်ဒဏ်ခံရတဲ့ ဝီဂါတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားရမယ်၊ သူတို့ရဲ့နေရပ်အကြောင်း ပွင့်လင်းမြင်သာမှုရှိစေဖို့၊ UNHCR ကို ဝင်ရောက်ခွင့်ပေးပြီး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟုလည်း ဥရောပပါလီမန်ကဆိုသည်။ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၅၇ မဲ၊ ကြားနေမဲ ၆၈ မဲတို့ဖြင့်ချမှတ်ခဲ့ကြခြင်းဖြစ်သည်ဟု Khaosod သတင်းကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *