ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”

ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”

ဇန်နဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ ပြည်တွင်းအင်အားကိုတည်ဆောက်ရမည်ဖြစ်ပြီး၊နိုင်ငံတစ်ကာအစီအစဉ်ကို ပုံဖော်ချမှတ်နိုင်မှသာ စိန်ခေါ်မှု့များကိုဖြေရှင်းနိုင်မည်ဖြစ်သည်"ဟုဆိုထားရာ အမေရိကန်မိတ်ဂရိပ်အဂိမ်းပင်ဖြစ်သည်။စာတန်းပါအသေးစိတ်လုပ်ငန်းစဉ်များသည် ယခုထရန့်လုပ်ဆောင်နေသည်များနှင့်သဘောသဘာဝအတူတူပင်ဖြစ်သည်။ အမေရိကန်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးနှင့်ပက်သက်၍ အိုဘားမားပေါ်လစီမှာ"လိုအပ်လျင် အများသဘောမလို၊တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိ့သည်"ဆိုသည့်အတွက်လိုအပ်လျင် တစ်ကိုယ်တော်ကြိတ် အင်အားသုံးရန်ဝန်မလေးဆိုသည့်သဘောဖြစ်သည်။ ဒီမိုကရက်သမ္မတ ကလင်တန်၏ဝါဒမှာလည်း"ဖြစ်နိုင်သမျှအများနှင့်လက်တွဲဆောင်ရွက်မည်၊လိုအပ်လျင်တစ်ဦးတည်းလုပ်မည်"(together when possible, alone when necessary) ပင်ဖြစ်သည်။ အမေရိကန်၏ ကမ္ဘာ့အစီအစဉ်ကိုလိုက်နာရန်မလိုအပ်သည့် "လိုအပ်လျှင်တစ်ကိုယ်ကြိတ်ဝါဒကျင့်သုံးမှု့ပေါ်လစီ"ကို အမေရိကန်တစ်နိုင်ငံတည်းသာမက ရုရှားကဲ့သို့ အခြားစူပါပါဝါနိုင်ငံများကလည်း လက်တွေ့ကျင့်သုံးလာကြသည်မှာ လက်တွေ့ပင်ဖြစ်နေသည်။ယခုသမ္မတထရန့်လက်ထက်တွင်လည်း လက်တွေ့ကျင့်သုံးနေရာ ယခု ဗင်နီဇွဲလား ကိစ္စမှာ လတ်တလောဖြစ်စဉ်ပင်ဖြစ်သည်။ အမေရိကန်၏ ပထဝီနိုင်ငံရေးပညာရှင် ရေတပ်ပဲ့သူကြီး မဟန်းမှ သမုဒ္ဒရာနှစ်စင်းကို တူးမြောင်းဖောက်ဆက်သွယ်ရန်ကြိုတင် ဖော်ထုတ်ခဲ့သည်။အလယ်ဗဟိုအမေရိကတိုက်ရှိ့ပနားမားဒေသအား ကိုလံဘီယာနိုင်ငံမှခွဲထွက်ရေးကို အမေရိကန်မှ ကူညီခဲ့ပြီး ပနားမားနိုင်ငံသစ်ကို ထူထောင်စေခဲ့သည်။ထို့နောက် အမေရိကန်မှ ပနားမားတူးမြောင်းကို ဖောက်လုပ်ခဲ့သည်။ ပနားမားတွင် လက်ဝဲဝါဒီ ဒုဗိုလ်မှုးကြီး တိုရီဂျိုးက အာဏာသိမ်းပြီး ပနားမားတူးမြောင်းကို ပြည်သူပိုင်သိမ်းရန်နှင့်အမေရိကန်တောတွင်းတိုက်ခိုက်ရေးကျောင်းကိုပိတ်သိမ်းရန်အားထုတ်လာသည်။ဤတွင် အ‌မေရိကန် CIA သတင်းပေးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနော်ရီရေးဂါးအားအာဏာသိမ်းစေခဲ့သည်။တိုရီဂျိုးမှာလည်း လေယဉ်ပျက်ကျကာ သေဆုံးခဲ့သည်။ နော်ရီရေးဂါးသည် အမေရိကန် CIAနှင့်DEA အတွက်ဆက်လက်လုပ်ကိုင်ပေးနေသော်လည်း စစ်အေးတိုက်ပွဲအပြီးတွင် နော်ရီရေးဂါးကို ဖယ်ရှားရန်ဖိ့အားပေးလာသည်။ ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)" မွန်ရိုးအခြေခံမူ" ----------------------------------------------------- "ကမ္ဘာသစ်ခေါ် အမေရိကတိုက်များပေါ်ရှိ နိုင်ငံများအရေးအခင်းတွင် ဥရောပနိုင်ငံများစွတ်ဖက်ခွင့်မရှိ့"ဟု ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတမွန်ရိုးက အတိအလင်းကြေငြာလိုက်သည်။ (Monroe Doctrine)" မွန်ရိုးအခြေခံမူ"ဟုခေါ်ဆိုကြသည်။ ဥရောပနပိုလီယံစစ်ပွဲများကာလတွင် စပိန်၊ပေါ်တူဂီစသဖြင့်နိုင်ငံများသည် ၎င်းတို့၏လက်တင်အမေရိက ကိုလိုနီနယ်များကို လက်လွတ်ဆုံးရှုံးခဲ့ကြသည်။နပိုလီယံစစ်ပွဲများပြီးဆုံးသွားပြီးနောက် စပိန်သည် ၎င်းဆုံးရှုံးထားသော လက်တင်အမေရိက ကိုလိုနီနယ်များကို ပြန်လည်ရယူလိုသော်လည်း ဗြိတိန်ကကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးသက်တမ်းနုသေးသော…
Read More
UNSC နှင့် Daw Suu Factor

UNSC နှင့် Daw Suu Factor

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သို့သော်သတင်းဌာနအများ၏တင်ဆက်မှု့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အချက်ဖြင့်သတင်းတင်ဆက်ကြသည်။ထင်ရှားသူအချို့၏ ရေးသားဖြန့်ဝေမှု့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသာပါသည်ကိုတွေ့ရသည်။ UNSC Press Release တွင် It also urged the Myanmar military to immediately release all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi. ဟုဖော်ပြပါရှိ့ရာ သတင်းမီဒီယာများမှာ ထိုအပေါ်တွင်အခြေခံပုံရသည်။ VOA မှထုတ့်လွင့်သောဆွေးနွေးပွဲတွင် အမေရိကန်နှင့်အင်္ဂလန်သံအမတ်များအပါအဝင် သံအမတ်အချို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ညွှန်းဆိုထည့်သွင်းပြောကြားသွားကြသည်။ UNSC ၏ Statement နှင့်ဗြိတိန်မှတင်သွင်းသောအဆိုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို သီးခြားထည့်သွင်းထားခြင်းရှိ့မရှိ့မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ လူသိများပြီး၊ဖေ့ဘုတ်တွင်ထင်ရှားသူ NUG ဝန်ကြီးတစ်ဦး၏ UNSC ဆုံးဖြတ်ချက်အကြောင်းတင်ပြချက်တွင် ' နိုင်ငံရေးအကျဉ်းသားများအပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးရေး'ဟုထိမ်းထိမ်းသိမ်းသိမ်းရေးသားထားသည်ကိုတွေ့ရသည်။UNSC ၏ Statement အပြည့်အစုံကိုစောင့်နေရ၍ဟုမြင်မိ့သည်။ UNSC ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ညွန်းဆိုထားခြင်းပါမပါသည် ကြီးမားသည်နိုင်ငံရေးအကျိုးသက်ရောက်မှု့၊ရိုက်ခတ်မှု့ရှိ့သည့်ကိစ္စဖြစ်၍နေသည်။ Press Release နှင့် ဆွေးနွေးပြောဆိုချက်များအရဆိုလျှင် အပြောကတော့ရွှေမန်းပင်ဖြစ်သည်။ထွက်လာတော့ချိုမိုင်မိုင် ဟုတ်မဟုတ်စောင့်ကြည့်ရန်လိုလာပုံရကြသည်။ ပြန်ဆက်ရလျှင် မြန်မာ့နိုင်ငံရေး၌ Daw Suu Factor သည်ယနေ့အထိ့ Bunning Question ဖြစ်နေဆဲ အင်အားစုများရှိ့သည်။ သဘာဝကျသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်လည်းသဘောထားကြသည်။ သို့သော် ကြီးမားသည့်အလှည့်အပြောင်း၊နိုင်ငံတစ်ကာအခြေအနေအပြင်၊ပြည်သူလူထုအများစုကြီး၏ထောက်ခံ(ကျောထောက်နောက်ခံ) ထားမှု့အရ ၊ လတ်တလောအခြေအနေအပေါ်အခြေခံ၍ဒေါ်အောင်စုကြည်အခန်းကဏ္ဍနှင့်ပက်သက်၍ အခြေခံမှုတစ်ရပ်ကို တစ်ဦးချင်းပုဂ္ဂလိကဖြစ်စေ၊အဖွဲ့အစည်းသဘောဖြစ်စေချမှတ်ထားကြမှသာ သင့်လျော်သည့်တုံ့ပြန်မှု့၊မူအပေါ်အခြေခံသည့်တုံ့ပြန်မှု့ပေါ်ထွက်နိုင်မည်ဖြစ်သည်။သိုမဟုတ်ပါက ပုဂ္ဂလိကစိတ်ခံစားချက်အခြေခံသည့် အတ္တနောမတိ များပွင့်အန်ထွက်လာပါက ပြည်သူအမြင်နှင့်ဖိလာဆန့်ကျင်ဖြစ်သွားနိုင်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ဆရာဦးလှရွှေ (အောင်သာပီသုံးလုံး)…
Read More
ပရိုဖိုင်ပစ်ချာ ပြောင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်မယ်

ပရိုဖိုင်ပစ်ချာ ပြောင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်မယ်

ဒီဇင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပရိုဖိုင်ပစ်ချာ ပြောင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်မယ် (more…)
Read More
” ကာတွန်း သပိတ် “

” ကာတွန်း သပိတ် “

ဒီဇင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ " ကာတွန်း သပိတ် " (more…)
Read More
စစ်အုပ်စုသည် ကျားဖြန့်လုပ်ငန်းများ အတွက် အဓိက လုံခြုံရေး အကာအကွယ် ပေးထားသည်။ ယင်းတွင် စစ်တပ်အားတိုက်ရိုက် သစ္စာခံသည့် လက်နက်ကိုင်အဖွဲ.များဖြစ်သော BGF/KNA၊ DKBAနှင့် UWSAတို့ ပါဝင်သည်။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံခြင်းသည် ကျားဖြန့် လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ #RejectShamElection #SayNoJustTrap

စစ်အုပ်စုသည် ကျားဖြန့်လုပ်ငန်းများ အတွက် အဓိက လုံခြုံရေး အကာအကွယ် ပေးထားသည်။ ယင်းတွင် စစ်တပ်အားတိုက်ရိုက် သစ္စာခံသည့် လက်နက်ကိုင်အဖွဲ.များဖြစ်သော BGF/KNA၊ DKBAနှင့် UWSAတို့ ပါဝင်သည်။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံခြင်းသည် ကျားဖြန့် လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ #RejectShamElection #SayNoJustTrap

ဒီဇင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုသည် ကျားဖြန့်လုပ်ငန်းများ အတွက် အဓိက လုံခြုံရေး အကာအကွယ် ပေးထားသည်။ ယင်းတွင် စစ်တပ်အားတိုက်ရိုက် သစ္စာခံသည့် လက်နက်ကိုင်အဖွဲ.များဖြစ်သော BGF/KNA၊ DKBAနှင့် UWSAတို့ ပါဝင်သည်။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံခြင်းသည် ကျားဖြန့် လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ #RejectShamElection #SayNoJustTrap (more…)
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.