သတင်းမြေငလျင် နှင့် ဆောင်ရန် ၊ရှောင်ရန်များ ကိုးကား-NUG ၊ USAID ၊Myanmar Red Cross adminMarch 28, 20250 Comments မတ်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။ ~~~~~~~~~~ ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။ မြန်မာပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။ Credit – Ministry of Humanitarian Affairs and Disaster Management – NUG မြေငလျင် နှင့် ဆောင်ရန် ၊ရှောင်ရန်များ ကိုးကား-NUG ၊ USAID ၊Myanmar Red Cross Related posts:ဘန်ကောက်တွင် မင်းအောင်လှိုင်အား ထိုင်းအဖွဲ့အစည်းတစ်ခုက ကန့်ကွက်ဆန္ဒပြခဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒက္ကာမြို့တော်ရှိ တူရကီကျောထောက်နောက်ခံပြု NGO သည် 'Greater Bangladesh' ၏ တစ်စိ...ဖြူထိုင်းအစိုးရသည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်ရေးစိုးရိမ်မှုများကြားတွင် ပြင်းထန်သောဖိအားမျာ... Myanmar Red CrossNUGမြေငလျင်