(ဂစ်တာတလက်ဖန်တီးခြင်း)
အဲ့ဒါကို ပုလင်းကွဲေတွ နဲ့ ရွှေဘော်(ရေပေါ်)ထိုးရတာ၊လနဲ့ချည်ကြာပါတယ်၊ သစ်သားကို ပုလင်းခွဲ နဲ့ ပြောင်ချောနေအောင်ထိုးရတာ၊ ပြီးတော့၊ထောင်အတွင်း အုပ်ရိုးနားမှာရှ်တဲ့ သံစူးကြိုး ခြံစည်းရိုး၊က လိမ်ထားတဲ့ သံအချွန်လေးတွေ ကို ဝန်ထမ်း အလစ်မှာ တစ်ခုရ တစ်ခု၊နှစ်ခုရ နှစ်ခု သွားဖြုတ်ရတာ၊ ရက်အတော်ကြာကြာ ဖြုတ်ယူရတာ၊ ပလာယာတို့ဘာတို့မရှိတော့ တော်တော်ခက်ခက်ခဲခဲ ဖြုတ်ရတာ။ အဲ့ဒါလေးတွေကိုဖြည်ချလိုက်ရင် တလက်မ ခန့်သံနန်းကြိုးဖြတ်စလေးတွေရပါတယ်၊အဲ့ဒါလေးတွေကို ၊ခုနက ပြောင်လက်နေအောင်တိုက်ထားတဲ့ ဖလက်ပြားအပေါ်မှာ ဘားအဖြစ် မြောင်းလေးတွေဖေါ်ပြီး မြုတ်ကပ်ရပါတယ်၊ အဲ့ဒါကလဲ မြုတ်ချင်သလို မြုတ်လို့မရပါဖူး၊အဲ့ဒိဘားတွေ၊ ဂတ်တာတလက်မှာ A အသံ၊ F အသံ၊G အသံ၊ စသဖြင့် နားလည်တပ်ကျွမ်းတဲ့သူလိုပါတယ်၊ အဲ့ဒိအတွက်က ကိုယ်တွေ။ (၁-၂) တိုက်မှာ ကိုစိုးမြင့်(BCP)အမှုတွဲ ၊တိရစ္ဆန်ဆရာဝန်တယောက်ရှိပါတယ်၊ သူက အနုပညာ ပစ္စည်းတွေအများစုကိုမတီးခတ်နိုင်ပေမဲ့၊သူက (Earing)(ဒိုရေမီဖာ) နဲ့ (International note) တွေကျွမ်းကျင်သူပါ၊ သူက ထောင်ထဲက လူငယ်တွေ ကို သံစဉ်တွေ၊Note တွေ၊ အသံတွေ တူရီယာပစ္စည်းတွေအကြောင်း ကို သင်ကြားပေးနိုင်တဲ့ ပါရမီရှင်တယောက်ပါ၊ကိုတွေက သူ့ကို ဆရာစိုးလို့ခေါ်ပါတယ်။ (အခုတော့သူလဲမရှ်တော့ပါဖူး) ဆရာစိုးရဲ့ကျေးဇူးနဲ့ ဂစ်တာဖလက်တံကို A,G,F စသဖြင့် အသံခွဲနိုင်ပြီး၊ သံစူးကြိုးလေးတွေနဲ့ ဘားတွေတပ်ဆင်နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
သာယာဝတီထောင်ထဲက ဂစ်တာများ(သို့မဟုတ်)နံရံလေးဘက်ထဲကအနုပညာ
———————————————–
၁၉၉၇ ခုနှစ် ၊က အင်းစိန်ထောင်ကနေ ထောင်မဆန့်ေတာ့ လို့ နယ်ထောင်တွေ ထောင်ပြောင်း လုပ်တဲ့ည။
မှတ်မိသလောက်ပြောရရင် ၊အဘိဓမ္မာအခါတော်နေ့ထင်တယ် ၊အဲ့ဒိညနေ ထောင်ပိတ်ချိန်မှာ ၊ကိုယ်တွေ သီးသန့်တိုက်ကနေ တယောက်ပြီးတယောက် ခေါ်ထုပ် ပြီးထောင်မကြီး မှာ တညလုံး သံခြေခြင်းေတွခတ်ပြီး၊ အဆောင်တွေမှာခွဲထားကြ၊ညစာကို တော့ ခွေးစာ သာသာပဲ၊ စားခဲ့ရတဲ့နေ့ကို မမေ့ပါဖူး၊
(နှစ် ၁၀၀ ကျွဲကြီး)
အဲ့ဒိအချိန်တုန်းက ထောင်တွေချတာ က သေဒဏ်၊တသက်တကျွန်းတွေ က နားရေဝနေပြီ၊ဒါပေမဲ့ ထောင်မကြီးမှာ နှစ် (၁၀၀)ထောင်ချထားတဲ့သူတယောက် အကြောင်းကို ကြားဖူးထားတော့၊တော်တော်လေး (ဘယ်လိုပြောရမလဲ)အထင်ကြီးသလိုလို တွေ့ဖူးခြင်သလိုလို ဖြစ်ခဲ့ရတာ။ ဒါပေမဲ့ နောက်ပိုင်းကြတော့ ကိုတွေသီးသန့်တိုက်မှာ နှစ် ၃၇၁ နှစ် ထောင်ချလိုက်တဲ့ သူတယောက်ရောက်လာခဲ့တော့ နှစ် ၁၀၀ ကျွဲကြီး ကဘာမှမဟုတ်တော့ဖူးပေါ့၊ အဲ့ဒိ နှစ် ၃၇၀ ကျော်ချလိုက်တဲ့သူက ဗိုလ်သင်တန်းကျောင်းဆင်း၊ဗိုလ်မှူး လှမြင့် ၊သူက သမဝါယမဝန်ကြီးဌာနက ညွှန်ချုပ် လား၊ဒုချုပ် လား မသိပါဘူး၊အဲ့ဒိတော့ အစားများသွားပြီး၊စေမာဇယား ပါ ငြိလို့ ထောင်ထဲရောက်လာခဲ့တာ။ ဒါပေမဲ့ ခုနကစကားကိုဆက်ရရင်။ ထောင်ပြောင်း ဆိုပြီး ကိုယ်တွေကိုထောင်မကြီး ကိုခေါ်သွားတော့ ကိုတွေကိုခြေခြင်းခတ်ပြီး၊ခေတ္တထားတဲ့အခန်းက အရင်ကကိုယ်တွေစိတ်ဝင်စားတဲ့ နှစ် (၁၀၀) ကျွဲကြီး ဘေးခန်းမှာ၊ အဲ့ဒိမှာမြင်လိုက်ရတာက ကျွဲကြီး ဆိုတဲ့ ဘဲက အသား မဲမဲနဲ့ အကောင်ကြီးကြီး တယောက်ပဲ ဒါကြောင့်လဲသူကို ကျွဲကြီး လို့ခေါ်ပုံရတယ်၊သူ့ကို ကိုယ်တွေ တွေ့တဲ့အချိန်မှာ သူ့ဘေးမှာအကျဉ်းသား(၄)ယောက်က တကိုယ်လုံးကိုနှိပ်နှယ်ပေးနေတာ၊ သူက တေတာင်လောက်ရှိတဲ့ ဆောင်တွေချည်ပဲထပ်ပြီးခင်းထားတဲ့အပေါ်မှာ ၊ဘုရင်တပါးလို့ မိန့်မိန့်ကြီးနဲ့လှဲနေတာ၊အဲ့ဒါကိုဘေးခန်းကကြည့်ပြီး အော် နှစ် ၁၀၀ ကျွဲကြီးဆိုတာ ထောင်ထဲမှာလဲ ဘုရင် တပါးပါလားပေါ့။ တညလုံး နိုင်ကျဉ်းထောင်ပြောင်းတွေကိုခြေချင်းရိုက်ရင်းနဲ့ မိုးလင်းခါနီးကျမှ၊ထောင်တံခါးကြီးကို ၂ ယောက်တတွဲ နဲ့ ချီတက်ကြပြီး နာမယ်ခေါ်တဲ့အတိုင်း သူတို့သတ်မှတ်တဲ့ကားတွေပေါ်တက်ကြရတာပေါ့၊ အဲ့ဒိကားတွေ က သာယာဝတီထောင်၊သရက်ထောင်၊မြင်းခြံထောင်၊အိုးဘိုထောင် အသီးသီးကို ရွေ့ပြောင်းကြရတာ၊ကိုတွေက သာယာဝတီထောင်ကိုရောက်လာခဲ့ကြတာပေါ့။ သာယာဝတီထောင်က သူ့ထောင် ထုံးစံအတိုင်းထောင်ပြောင်းတွေရောက်လာရင် ၊စပြီးပုံစံမောင်းပြီးအချိုးပြင်တာပေါ့၊ ထောင် တခါးကြီးအထဲကိုရောက်တာနဲ့နေပူထဲ မှာ နာရီပေါင်းများစွာ နေပူခံခိုင်းထားပြီး မှ တယောက်ခြင်းစီရဲ့အမှုအကျဉ်းကို ထောင်ပုံစံအတိုင်းမိတ်ဆက်ပြောခိုင်းပြီးမှ သက်ဆိုင်ရာတိုက်ခန်းတွေကိုပို့ခဲ့ကြတာပါ။ ကိုတွေက (၁-၂) တိုက်ထဲကိုရောက်သွားပါတယ်၊ကိုတွေတိုက်နဲ့ ကပ်လျက်က(၃-၄)တိုက်ပါ၊ တချို့တွေက (၈)တိုက်၊သီးသန့်(က-ခ) တိုက်၊(၂၀)တိုက် စသဖြင့် လူတွေကွဲသွားကြတာပေါ့။ ကိုတွေတိုက်မှာ က ကိုတွေနဲ့အသက်မတိမ်းမယိမ်းလူငယ်တွေ များတော့၊ အဖွဲ့ကြတာပေါ့။
(ထောင်တွင်းလက်မှုပညာကိုဖန်တီးရင်း စားဝတ်နေရေးကိုဖန်တီးကြသူများ)
အဲ့ဒိအချိန်တုန်းက လူတိုင်းက ထောင်ဝင်စာမလာနိုင်ကြဖူး၊အဲ့ဒိတော့၊ထောင်တွေမှာ အရင့်အရင်လူတွေက ထောင်ထဲမှာ လက်ကိုင်အိပ်တွေ ၊ လက်ဆွဲအိပ်တွေ၊ဦးထုပ်တွေ ကို ပလက်စတစ်တွေ၊ကော်ဖီမစ်အိပ်တွေနဲ့ထိုးကြတာပေါ့၊ထိုးပြီး အပြင်ကိုထုပ်ရောင်းချခိုင်းပြီး စားဝတ်နေရေးဖန်တီးခဲ့ရတာ၊ အဲ့ဒိအချိန်တွေတုန်းက တစ်ပတ်လုံးကို အသားတတုံးပဲရတဲ့အချိန်လေ။ ကျန်တဲ့ ထမင်း ၁၃ နပ်က ငပိ၊တာလပေါ နဲ့ပဲ ထမင်းနီကျင်ကျင် ကို စားခဲ့ရတာ၊ အခုလိုမျိူး လက်မှုပညာတခုခုကိုလုပ်နိုင်သူက ဆေးလိပ်လေး ဟင်းလေးဝယ်စားနိုင်တာပေါ့၊တချို့ မလုပ်တတ်တဲ့သူတွေဆိုရင် တစ်ပတ်လုံးမှာရတဲ့အသားတစ်တုံးကိုဆေးလိပ်နဲ့ လဲေသာက်တာ၊ တစ်ပတ်ကိုရတဲ့ ဆင်ချေးတုံးဆပ်ပြာကိုဆေးလိပ်နဲ့လဲသောက်ကြတာကိုတွေ့ရတာ ရင်နာစရာပါ။ အဲ့ဒိတော့ ထောင်ဝင်စာကလဲမလာဖူး၊ဆေးလိပ်လေးလဲသောက်ခြင်တယ် ဆိုတဲ့သူတွေက ထောင်ထဲမှာ၊ သူတို့အလုပ်ကြီးလုပ်ပြီးနားတဲ့အချိန်ေတွမှာ အပိုဝင်ငွေရှာကြတာပေါ့။
(ပလတ်စတစ်အိတ်တွေရဲ့တန်ဖိုး)
အိမ်တွေက ထောင်ဝင်စာလာပို့ရင် ပလတ်စတစ်အိပ်တွေနဲ့ ဟင်းတွေ ၊အေကျာ်အလှော်တွေ၊ ကိုထည့်ပြီးပို့ကြပါတယ်၊အဲ့ဒိ အိတ်တွေကို ထောင်ဝင်စာမလာတဲ့သူတွေက၊လိုက်တောင်းကြပြီး၊ ဆီတွေ ကုန်အောင် ၊ဆင်ချေးတုံးဆပ်ပြာနဲ့ ဆေးရတာ၊ဆေးပြီးရင် အေခြာက်လှမ်း ပြီး ဝါးဓားတွေနဲ့အရွယ်တူ လေးတွေ ခွဲပြီးကြိုးစွဲရတယ်၊ အသေးစိတ်ပြောရရင်၊ပလတ်စတစ်အိတ်တွေကို တလက်မ၊တလက်မခွဲ ခန့် ခွဲပြီး၊ လုံးလိုက်ပြီး ခြေမကြားမှာတဖက်ကိုထားပြီး အသာလေးချော့ပြီးစွဲလိုက်ရင် ပလတ်စတစ် ကြိုးလေးတချောင်းဖြစ်လာခဲ့ပါတယ် ၊အဲ့ဒိကြိုးလေးတွေနဲ့ လက်ကိုင်အိပ်လေးလေးတွေထိုးကြပြီး၊ရောင်းစားကြတာပါ၊ ကိုယ်တွေနိုင်ကျဉ်းတွေက သူတို့ဆီက အဲ့ဒိနည်းကိုယူပြီး၊ အဲ့ဒိလိုကြိုးတွေမစွဲခင်မှာ အပြင်ကနေမှာယူထားတဲ့ရေဆေး အရောင်တွေထည့်ပြီး ကြိုးတွေကိုအရောင်ဆိုးပြီးမှ ၊အိပ်တွေ၊ဦးထုပ်တွေကိုထိုးလိုက်တော့၊ ကိုယ်တွေနိုင်ကျဉ်းတွေ လုပ်တဲ့ အိပ်တွေ၊ဦးထုပ်တွေက ၊ဆေးရောင်စုံ ကာလာတွေနဲ့၊လှပပြီး လက်ရာမြောက်လှတာကြောင့်၊ဈေးကွက်မှာ သူများထပ်ဈေးပိုရတာပေါ့။

(အိပ်တွေကနေတဆင့်အနုပညာပစ္စည်းအထိ)
အဲ့လို လုပ်ရင်းနဲ့ သက္ကရာဇ် (၂၀၀၀)ပြည့်နှစ်မှာ ICRC အဖွဲ့တွေ ထောင်တွေကိုဝင်ခွင့်ရတော့၊ ကိုယ်တွေအတွက်တိုက်ထဲမှာ တမံသလင်း မှာနေနေရတဲ့ဘဝကနေ ICRC ရဲ့ကျေးဇူးနဲ့ သစ်သားကွပ်ပစ်တွေ ရလာခဲ့တာပေါ့၊
(ထောင်တွင်းဂစ်တာ(သို့) ထောင်တွင်းအနုပညာပစ္စည်းများ)
အဲ့ဒိလို ကွပ်ပစ်တွေ ကို၊ ထောင်ရဲ့အလုပ်ကြီးဘုတ်တွေမှာပြုလုပ်နေတဲ့အချိန်မှာ၊ ကိုယ်တွေလူငယ် အုပ်စုက အဲ့ဒိသစ်သားတွေကို အောက်လိုင်းကနေ ကော်ဖီမစ်လေး၊ဆေးလိပ်လေးတွေပေးပြီး၊ဂစ်တာလုပ်ဖိုကြံကြတာပေါ့၊ အဓိကလို တာက ဂစ်တာ ဖလက် လုပ်ဖို့သစ်သားပေါ့၊ အဲ့ဒါကို အနီးစပ်ဆုံးသစ်သား ပေအရှည် ခန့်မှန်းအတိုင်း ဖြတ်ပြီး ၊ထောင်ဝန်ထမ်းတွေမသိအောင် ကိုတွေဆီကို ယူလာခဲ့တာပေါ့၊အဲ့ဒါက သစ်သားအကြမ်းထည်ကြီးပေါ့၊
(ဂစ်တာတလက်ဖန်တီးခြင်း)
အဲ့ဒါကို ပုလင်းကွဲေတွ နဲ့ ရွှေဘော်(ရေပေါ်)ထိုးရတာ၊လနဲ့ချည်ကြာပါတယ်၊ သစ်သားကို ပုလင်းခွဲ နဲ့ ပြောင်ချောနေအောင်ထိုးရတာ၊ ပြီးတော့၊ထောင်အတွင်း အုပ်ရိုးနားမှာရှ်တဲ့ သံစူးကြိုး ခြံစည်းရိုး၊က လိမ်ထားတဲ့ သံအချွန်လေးတွေ ကို ဝန်ထမ်း အလစ်မှာ တစ်ခုရ တစ်ခု၊နှစ်ခုရ နှစ်ခု သွားဖြုတ်ရတာ၊ ရက်အတော်ကြာကြာ ဖြုတ်ယူရတာ၊ ပလာယာတို့ဘာတို့မရှိတော့ တော်တော်ခက်ခက်ခဲခဲ ဖြုတ်ရတာ။ အဲ့ဒါလေးတွေကိုဖြည်ချလိုက်ရင် တလက်မ ခန့်သံနန်းကြိုးဖြတ်စလေးတွေရပါတယ်၊အဲ့ဒါလေးတွေကို ၊ခုနက ပြောင်လက်နေအောင်တိုက်ထားတဲ့ ဖလက်ပြားအပေါ်မှာ ဘားအဖြစ် မြောင်းလေးတွေဖေါ်ပြီး မြုတ်ကပ်ရပါတယ်၊ အဲ့ဒါကလဲ မြုတ်ချင်သလို မြုတ်လို့မရပါဖူး၊အဲ့ဒိဘားတွေ၊ ဂတ်တာတလက်မှာ A အသံ၊ F အသံ၊G အသံ၊ စသဖြင့် နားလည်တပ်ကျွမ်းတဲ့သူလိုပါတယ်၊ အဲ့ဒိအတွက်က ကိုယ်တွေ။ (၁-၂) တိုက်မှာ ကိုစိုးမြင့်(BCP)အမှုတွဲ ၊တိရစ္ဆန်ဆရာဝန်တယောက်ရှိပါတယ်၊ သူက အနုပညာ ပစ္စည်းတွေအများစုကိုမတီးခတ်နိုင်ပေမဲ့၊သူက (Earing)(ဒိုရေမီဖာ) နဲ့ (International note) တွေကျွမ်းကျင်သူပါ၊ သူက ထောင်ထဲက လူငယ်တွေ ကို သံစဉ်တွေ၊Note တွေ၊ အသံတွေ တူရီယာပစ္စည်းတွေအကြောင်း ကို သင်ကြားပေးနိုင်တဲ့ ပါရမီရှင်တယောက်ပါ၊ကိုတွေက သူ့ကို ဆရာစိုးလို့ခေါ်ပါတယ်။ (အခုတော့သူလဲမရှ်တော့ပါဖူး) ဆရာစိုးရဲ့ကျေးဇူးနဲ့ ဂစ်တာဖလက်တံကို A,G,F စသဖြင့် အသံခွဲနိုင်ပြီး၊ သံစူးကြိုးလေးတွေနဲ့ ဘားတွေတပ်ဆင်နိုင်ခဲ့ပါတယ်။

(ဂီတာကြိုး)
ဂီတာကြိုးအတွက်က အလုပ်ကြီး၊စက်ချုပ် ဘုတ်ကနေ ပိုးစတွေကိုယူပြီးပိုကြိုးတွေ ကျစ်ပြီးကြိုးအဖြစ်ဖန်တီးကြတာကလဲတော်တော်လေးခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ၊ ဘယ်သူကမှ အရင်တုံးက ကြိုးတချောင်းမကျစ်ခဲ့ဖူးပါဘူ၊ ဒါပေမဲ့ ထောင်ထဲမှာ အလုပ်တွေအားနေတော့ ကြိုးစားရင်းနဲ့ နောက်တော့ ဂစ်တာကြိုးတွေလဲ အောင်မြင်စွာဖန် တီးနိုင်ခဲ့ကြပါတယ်။ ဂစ်တာ ဖလက်နဲ့ကြိုးတွေရပြီ အိုးကကော ဘာနဲ့လုပ်ကြမလဲပေါ့၊ ကိုတွေမှာအဲ့ဒိခေတ်က ရေသောက်ဖို့အတွက် ပလတ်စတစ်ဘူးကြီးတွေ ရှိတယ်၊အဲ့ဒိဘူးကြီးတွေကို ဂစ်တာ အိုးအဖြစ် ဂစ်တာဖလက်တံရဲ့ အခြေမှာ ကပ်ပြီးတီးကြည့်ကြရင်း သီးချင်းတွေ ဆိုကြတာပေါ့၊ အဆင်ပြေပါတယ် ဘာမှမရှိတာနဲ့စာရင် အိုကေ ပါတယ်၊ နောက်တော့ တိုက်ထဲမှာ ချေးပါဖို့ ထောင်ကထုပ် ပေးထားတဲ့ ပလတပ်စတစ် ဂန်ဖလားကို ရေဆေးပြီးတီးကြည့်တော့ မှ ဂစ်တာသံက အပြင်က ဂစ်တာအသံအတိုင်း ထွက်တော့ နောက်ဆုံး ချေးပါဖို့ပေးထားတဲ့ ဂန်ဖလားတွေက ဂစ်တာအိုးတွေဖြစ် လာခဲ့ရတာပေါ့။ နောက်တော့ ၊ဝန်ထမ်းတွေကိုငွေပေးပြီး၊အောက်လိုင်းကနေ ဂစ်တာကြိုးတွေအထိ ထောင်ထဲကိုသွင်းပြီး၊ကျွန်တော်တို့ သာယာဝတီထောင်(၁-၂)တိုက်ဝန်းထဲမှာ ဂစ်တာ ၄ လက်အထိ ထုပ်လာနိုင်ခဲ့တာပေါ့၊ အဲ့ဒါက သာယာဝတီထောင်ထဲက ဂစ်တာတွေ အကြောင်းပါ၊ ကိုယ်တွေ လုငယ်အုပ်စုက ဂစ်တာတွေ လုပ်ဖို့ကျိုးစားနေချိန်မှာ၊ (၃-၄)တိုက်က ဦးပဥင်းလေးတပါးက၊ (ICRC)ကျေးဇူးနဲ့ ရရှိခဲ့တဲ့၊ ကွပ်ပစ် က သစ်သားတွေကို သူလိုချင်သလို အသံနားထောင်ပြီး ပတ္တလား တခု တည်ဆောက်ပြီး၊မြန်မာသံစဉ် သီချင်းတွေကို တီးခတ်နေပြီ၊ ထူးဆန်းတာက သူက ငယ်ဖြူစစ်စစ်၊ သီချင်းတပုတ်တောင် အလွတ်မရပါပါဖူး၊ဒါပေမဲ့ Earing နဲ့ သူများဆိုပြတဲ့သီချင်းကိုတခါနားထောင်ပြီး သူ့ပတ္တလားလေးနဲ့လိုက်တီးပေးနိုင်တယ်ဗျာ။ (မှတ်ချက်- ပတ္တလားဆိုတာ ကိုယ့်ဟာကို နာမည်ေပးတာပါ၊ သစ်သားတွေကိုအသံစုံအောင်ခွဲပြီးတီးပြတာပါ၊အဲ့ဒိကိုယ်တော်လေးကို ချစ်စနိုးနဲ့ ကေကေ လို ခေါ်ကြပါတယ် ၊အခုတော့အဆက်အသွယ်မရတော့ပါဖူးဒါပေမဲ့ ကေကေ အကြောင်းတွေရေးပါအုံးမယ်)

11Feb,2026 Minnyo
#jail
#
#100k