ချစ်ခဲ့ရသူတွေမို့ဖွဖွလေး နမ်းခွင့်ပြု့ပါ
-အချို့က ငြိမ်းချမ်းရေး ကျွမ်းကျင်သူ လူအုပ်ကြီးလုပ်ကြသည်။ NGO,CSO, ACTIVES များစည်စည်ကားကား၊ပျော်မဆုံး မော်မဆုံး။ငြိမ်းချမ်းရေး ချီတက်လမ်းလျောက်ပွဲများသိုက်သိုက်ဝန်းဝန်း၊ခန်းခန်းနားနား (တာဝန်ကျေခဲ့ပြီ၊ဆယ်ဖီ) မိမိတို့လည်း အုပ်အုပ်အုပ်အုပ်၊ရုတ်ရုတ်ပါခဲ့သည်ကိုတော့ ဝန်ခံပါသည်။ ခေါင်းဆောင်ကြီးများညွန်ကြားချက်ဖြင့် ထောင်ကျခဲ့သူများမှာ ခေါင်းဆောင်ကြီးများကို တွေ့ဖို့ပင် မနည်းတန်းစီရသည်။မျက်နှာငယ်ခဲ့ကြရသည်။ -ဦးသိန်းစိန် ၊ဝန်ကြီး၊ဝန်ကလေးများဖြင့်တွေ့ရဦးမည်။- -ညွန်ချုပ်ကြီးများ၊အတွင်းဝန်များဖြင့်တွေ့ရဦးမည်။ -ထင်ရှားသည့်သူများကို တွေ့ရဦးမည်။ -ဒေါ်စုကို တွေ့၍ လက်ချာရိုက်ရဦးမည်။ ပိုက်ကွန်ဖြင့်၊ဇန်ခတ်(မြစ်ချောင်းဘေးတွင် ရေမောင်းတက်ခတ်သလို ပိုက်ကွန်ဖြင့် ငါးခတ်ခြင်းဖြစ်သည်)၍ ငါးကြီးဖမ်းရဦးမည်။ထို့ကြောင့် အမောင်တို့ ငါးသေး၊ငါးနုတ် တွေ ပိုက်ကွန်ထဲလာညှိ့နေလျှင် ကွန်ရှင်းရတာနဲအလုပ်ရှုတ်မည်။ ထို့ကြောင့် နားလည်ပေးပါ။အေးပါပေါ့။လူကြီးမင်းတို့ခေတ်ကို။လုပ်ပေါ့။ မန္တလေးမှ မည်သူ့ညွန်ကြားချက်မဆို စစ်အာဏာရှင်ဆန့်ကျင်ရေးတစ်မျက်နှာဖြင့် တွေ့မရှောင် လုပ်ကိုင်ပေးတတ်ပြီး ဘဝရပ်တည်ရေးအတွက် လမ်းဘေးတွင် စုံစီနဖာ ရောင်းရင်း နိုင်ငံရေး လောကဒဏ်ကို မငြီးမညူ ဖြတ်ကျော်ခဲ့သော ဆုံးပါးသွားသည့် မိတ်ဆွေကြီးကို သတိရမိသည်။ဧဝံမေသုတံ ပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာတစ်ကြော့ထပ်သိမ်းပြီးနောက် နယ်စပ်လက်နက်ကိုင်တော်လှန်ရေး အားပျော့ခဲ့ပြီးနောက် နိုင်ငံရေးပုံသဏ္ဍာန်ပြောင်းသွားသည်။ -၉၀ ရလာဒ် ဖြင့်ဖွဲ့ထားသော NCGUB ဒေါက်တာစိန်ဝင်းအစိုးရသည် အဝေးရောက်ညွန်းပေါင်းအစိုးရဖြစ်သွားသည်။ -နယ်စပ်လက်နက်ကိုင်တော်လှန်ရေးနှင့်အဖွဲ့မျိုးစုံမှ ထိပ်တန်းခေါင်းဆောင်ဆိုသူများ အမေရိကား၊အင်္ဂလန်၊ဩဇီ စသဖြင့် တတိယနိုင်ငံများသို့ အတောင်ပေါက်၍ ရောက်သွားကြသည်။ -အောက်ခြေအဖွဲ့မျိုးစုံမှ သူများ အလဲလဲ၊အကွဲကွဲဖြင့် အမိမဲ့သားရေနဲငါး၊သောင်ပြင်လွတ်သည့် --များလိုကျန်ခဲ့ကြသည်။ -အချို့က ပြည်တွင်းခေါင်းငုံ့ဝင်ကြရသည်။ -အချို့က နယ်စပ်တွင် ကြုံရာ၊ကျပန်း လုပ်ကိုင်စားသောက်ကျန်ရစ်သည်။ -အချို့က ဒုက္ခသည် စခန်းများတွင် တစ်အိုးတစ်အိမ်ကျန်ရစ်သည်။ -အချို့က EROS နယ်များတွင် ဖြစ်သလို ကုတ်ကတ်ကျန်ရစ်သည်။ ချစ်ခဲ့ရသူတွေမို့ဖွဖွလေး နမ်းခွင့်ပြု့ပါ ------------------------------------------------- အောက်တိုဘာ ၁၄၊ ၂၀၂၅။…