27
Dec
ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သို့သော်သတင်းဌာနအများ၏တင်ဆက်မှု့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အချက်ဖြင့်သတင်းတင်ဆက်ကြသည်။ထင်ရှားသူအချို့၏ ရေးသားဖြန့်ဝေမှု့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသာပါသည်ကိုတွေ့ရသည်။ UNSC Press Release တွင် It also urged the Myanmar military to immediately release all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi. ဟုဖော်ပြပါရှိ့ရာ သတင်းမီဒီယာများမှာ ထိုအပေါ်တွင်အခြေခံပုံရသည်။ VOA မှထုတ့်လွင့်သောဆွေးနွေးပွဲတွင် အမေရိကန်နှင့်အင်္ဂလန်သံအမတ်များအပါအဝင် သံအမတ်အချို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ညွှန်းဆိုထည့်သွင်းပြောကြားသွားကြသည်။ UNSC ၏ Statement နှင့်ဗြိတိန်မှတင်သွင်းသောအဆိုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို သီးခြားထည့်သွင်းထားခြင်းရှိ့မရှိ့မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ လူသိများပြီး၊ဖေ့ဘုတ်တွင်ထင်ရှားသူ NUG ဝန်ကြီးတစ်ဦး၏ UNSC ဆုံးဖြတ်ချက်အကြောင်းတင်ပြချက်တွင် ' နိုင်ငံရေးအကျဉ်းသားများအပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးရေး'ဟုထိမ်းထိမ်းသိမ်းသိမ်းရေးသားထားသည်ကိုတွေ့ရသည်။UNSC ၏ Statement အပြည့်အစုံကိုစောင့်နေရ၍ဟုမြင်မိ့သည်။ UNSC ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ညွန်းဆိုထားခြင်းပါမပါသည် ကြီးမားသည်နိုင်ငံရေးအကျိုးသက်ရောက်မှု့၊ရိုက်ခတ်မှု့ရှိ့သည့်ကိစ္စဖြစ်၍နေသည်။ Press Release နှင့် ဆွေးနွေးပြောဆိုချက်များအရဆိုလျှင် အပြောကတော့ရွှေမန်းပင်ဖြစ်သည်။ထွက်လာတော့ချိုမိုင်မိုင် ဟုတ်မဟုတ်စောင့်ကြည့်ရန်လိုလာပုံရကြသည်။ ပြန်ဆက်ရလျှင် မြန်မာ့နိုင်ငံရေး၌ Daw Suu Factor သည်ယနေ့အထိ့ Bunning Question ဖြစ်နေဆဲ အင်အားစုများရှိ့သည်။ သဘာဝကျသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်လည်းသဘောထားကြသည်။ သို့သော် ကြီးမားသည့်အလှည့်အပြောင်း၊နိုင်ငံတစ်ကာအခြေအနေအပြင်၊ပြည်သူလူထုအများစုကြီး၏ထောက်ခံ(ကျောထောက်နောက်ခံ) ထားမှု့အရ ၊ လတ်တလောအခြေအနေအပေါ်အခြေခံ၍ဒေါ်အောင်စုကြည်အခန်းကဏ္ဍနှင့်ပက်သက်၍ အခြေခံမှုတစ်ရပ်ကို တစ်ဦးချင်းပုဂ္ဂလိကဖြစ်စေ၊အဖွဲ့အစည်းသဘောဖြစ်စေချမှတ်ထားကြမှသာ သင့်လျော်သည့်တုံ့ပြန်မှု့၊မူအပေါ်အခြေခံသည့်တုံ့ပြန်မှု့ပေါ်ထွက်နိုင်မည်ဖြစ်သည်။သိုမဟုတ်ပါက ပုဂ္ဂလိကစိတ်ခံစားချက်အခြေခံသည့် အတ္တနောမတိ များပွင့်အန်ထွက်လာပါက ပြည်သူအမြင်နှင့်ဖိလာဆန့်ကျင်ဖြစ်သွားနိုင်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ဆရာဦးလှရွှေ (အောင်သာပီသုံးလုံး)…