ကျော်ကိုကို ၂၃ ဇန်နဝါရီ ၂၀၂၆

ဖက်ဆစ်တို့အကြောင်း

ဖက်ဆစ်တို့အကြောင်း

ဇန်နဝါရီ ၂၃၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်သူ့အတွေး) လူသတ်ပွဲမတိုင်ခင် ရက်သတ္တပတ်အလို ------------------------------------------------------------ ဘဲလ်စ်က လေ ဖီဂါရို နေ့စဥ်သတင်းစာမှာ အခန်းဆက်ဆောင်းပါးတွေရေးနေခဲ့တာပါ။ သူ့ဆောင်းပါးခေါင်းစဥ်ကို "နိုင်ငံခြားသားတွေ ဆန့်ကျင်ကြ"လို့ ဗြောင်ကျကျပဲ ပေးလိုက်ပါတယ်။ဒီဆောင်းပါးကို ပြင်သစ်နဲ့အီတလီကြား ဆက်ဆံရေးမကောင်းတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရေးသားထုတ်ဝေတာဖြစ်ပြီး သူက အီတာလီယံအလုပ်သမားတွေကို ထောက်လှမ်းရေးစပိုင်တွေ ဖြစ်နိုင်ခြေရှိတယ်လို့ စွပ်စွဲရေးသားထားတယ်။ ဒီလူသတ်ပွဲကြီးထဲမှာ စာရေးဆရာကိုယ်တိုင် ပါဝင်ကျုးလွန်သတ်ဖြတ်ခဲ့တဲ့ တာဝန်မရှိပေမယ့် သူ့စာပေအရေးအသားတွေထဲမှာ ပါဝင်နေတဲ့ နိုင်ငံခြားသားမုန်းတီးရေး၊အမျိုးသားရေး အစွန်းရောက်အမြင်တွေကြောင့် ခုလို အဓိကရုဏ်းတွေ ဖြစ်လာတာပါ။ ဘဲလ်စ်ကိုယ်တိုင်လည်း ၁၈၉၀ မှာ သူ့ကိုယ်သူ အမျိုးသားဆိုရှယ်လစ် (ဖက်ဆစ်)တယောက်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဗမာဖက်ဆစ် ထိုင်းဖက်ဆစ် ------------------------------------------- ဒီကနေ့ ဗမာပြည်မှာ ဖက်ဆစ်တွေ ကျုးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို အပြည်ပြည်ဆိုင်ရာ ခုံရုံးမှာ တရားစီရင်နေတုန်းမှာပဲ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်အခြေချတဲ့ ရွှေ့ပြောင်းဗမာလုပ်သားတွေ၊နိုင်ငံရေးအရ ခိုလှုံနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေဟာလည်း စိုးရိမ်စိတ်ပူစရာကောင်းတဲ့ အခြေအနေအောက်မှာ ကျရောက်နေပါတယ်။ ထိုင်းမှာ နိုင်ငံခြားသားပေါင်းစုံ လွတ်လွတ်လပ်လပ်သွားလာနေထိုင်ကြပေမယ့် ဗမာပြည်သားတွေကို အထူးပစ်မှတ်ထား တိုက်ခိုက်နေတာမျိုးတွေကို တွေ့နေရပါတယ်။ ဒါဟာ ထိုင်းမဘသ နှုတ်ခမ်းမွှေးတို့အဖွဲ့ရဲ့ နိုင်ငံရေးအာဂျင်ဒါသက်သက်ပဲ မဟုတ်ပါဘူး။ထေရဝါဒနိုင်ငံတွေလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဗမာ၊ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ထကြွသောင်းကျန်းနေတဲ့ မဘသလှုပ်ရှားမှု ( Religious Fundamentalists) ရဲ့ သက်ရောက်မှုတွေ၊ပူးပေါင်းကြံစည်မှုတွေ၊လောင်မီးကူးစက် ပြန့်ပွားမှုတွေကြောင့်လို့ ယူဆရပါတယ်။ မြန်မာအစွန်းရောက် ပေါက်ကိုယ်တော်နဲ့ ထိုင်းအစွန်းရောက် နှုတ်ခမ်းမွှေးတို့ တွေ့ပြီးနောက်ပိုင်း ခုလို ဗမာဆန့်ကျင်ရေးပိုအားကောင်းလာတာဟာ ဒီမိုကရေစီကိုမလိုလားတဲ့ စစ်အုပ်စုနှစ်ခု ( ထိုင်းနဲ့ဗမာ) ရဲ့ နောက်ကွယ်က…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.