နံရံလေးဘက်ထဲကအနုပညာ

(ဂစ်တာတလက်ဖန်တီးခြင်း) အဲ့ဒါကို ပုလင်းကွဲ‌ေတွ နဲ့ ရွှေဘော်(ရေပေါ်)ထိုးရတာ၊လနဲ့ချည်ကြာပါတယ်၊ သစ်သားကို ပုလင်းခွဲ နဲ့ ပြောင်ချောနေအောင်ထိုးရတာ၊ ပြီးတော့၊ထောင်အတွင်း အုပ်ရိုးနားမှာရှ်တဲ့ သံစူးကြိုး ခြံစည်းရိုး၊က လိမ်ထားတဲ့ သံအချွန်လေးတွေ ကို ဝန်ထမ်း အလစ်မှာ တစ်ခုရ တစ်ခု၊နှစ်ခုရ နှစ်ခု သွားဖြုတ်ရတာ၊ ရက်အတော်ကြာကြာ ဖြုတ်ယူရတာ၊ ပလာယာတို့ဘာတို့မရှိတော့ တော်တော်ခက်ခက်ခဲခဲ ဖြုတ်ရတာ။ အဲ့ဒါလေးတွေကိုဖြည်ချလိုက်ရင် တလက်မ ခန့်သံနန်းကြိုးဖြတ်စလေးတွေရပါတယ်၊အဲ့ဒါလေးတွေကို ၊ခုနက ပြောင်လက်နေအောင်တိုက်ထားတဲ့ ဖလက်ပြားအပေါ်မှာ ဘားအဖြစ် မြောင်းလေးတွေဖေါ်ပြီး မြုတ်ကပ်ရပါတယ်၊ အဲ့ဒါကလဲ မြုတ်ချင်သလို မြုတ်လို့မရပါဖူး၊အဲ့ဒိဘားတွေ၊ ဂတ်တာတလက်မှာ A အသံ၊ F အသံ၊G အသံ၊ စသဖြင့် နားလည်တပ်ကျွမ်းတဲ့သူလိုပါတယ်၊ အဲ့ဒိအတွက်က ကိုယ်တွေ။ (၁-၂) တိုက်မှာ ကိုစိုးမြင့်(BCP)အမှုတွဲ ၊တိရစ္ဆန်ဆရာဝန်တယောက်ရှိပါတယ်၊ သူက အနုပညာ ပစ္စည်းတွေအများစုကိုမတီးခတ်နိုင်ပေမဲ့၊သူက (Earing)(ဒိုရေမီဖာ) နဲ့ (International note) တွေကျွမ်းကျင်သူပါ၊ သူက ထောင်ထဲက လူငယ်တွေ ကို သံစဉ်တွေ၊Note တွေ၊ အသံတွေ တူရီယာပစ္စည်းတွေအကြောင်း ကို သင်ကြားပေးနိုင်တဲ့ ပါရမီရှင်တယောက်ပါ၊ကိုတွေက သူ့ကို ဆရာစိုးလို့ခေါ်ပါတယ်။ (အခုတော့သူလဲမရှ်တော့ပါဖူး) ဆရာစိုးရဲ့ကျေးဇူးနဲ့ ဂစ်တာဖလက်တံကို A,G,F စသဖြင့် အသံခွဲနိုင်ပြီး၊ သံစူးကြိုးလေးတွေနဲ့ ဘားတွေတပ်ဆင်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ သာယာဝတီထောင်ထဲက ဂစ်တာများ(သို့မဟုတ်)နံရံလေးဘက်ထဲကအနုပညာ ----------------------------------------------- ၁၉၉၇ ခုနှစ် ၊က အင်းစိန်ထောင်ကနေ ထောင်မဆန့်‌ေတာ့ လို့ နယ်ထောင်တွေ ထောင်ပြောင်း လုပ်တဲ့ည။ မှတ်မိသလောက်ပြောရရင် ၊အဘိဓမ္မာအခါတော်နေ့ထင်တယ်…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.