နွေဦးနှင်းဆီစာကြည့်တိုက်

ပုဂ္ဂိုလ်ဗဟိုပြုလက်နက်ကိုင်တပ်များ၏ နေဝင်ချိန်

ပုဂ္ဂိုလ်ဗဟိုပြုလက်နက်ကိုင်တပ်များ၏ နေဝင်ချိန်

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ နိုင်ငံရေးသဘောတရားမဲ့သော တော်လှန်စစ် -------------------------------------------------- ကျနော် ဒီဆောင်းပါးမှာ ပြတ်သားတဲ့မှတ်ချက်တခုကို ပေးပါမယ်။ဒီနွေဦးလက်နက်ကိုင်တော်လှန်ရေးမှာ တိုက်နေကြတဲ့ အဖွဲ့အစည်းအတော်များများဟာ နိုင်ငံရေးသဘောတရား တပ်ဆင်ထားခြင်းမရှိတဲ့ တိုက်ခိုက်ရေးတပ်တွေသက်သက်ပါပဲ။ နွေဦးတော်လှန်ရေးတပ်တွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ဟာ သဘောတရားအရ တိတိပပမရှိ၊ ခိုင်ခိုင်မာမာမရှိပါဘူး။သဘောတရားမရှိတဲ့အတွက် အတွေးအခေါ် အားပျော့ကြပါတယ်။ တကယ့်အကျပ်အတည်းမျိုးဆိုက်လာရင် ဗိုလ်နဂါးလက်နက်ချသလိုမျိုး လက်နက်ချကြမှာပါ။တကယ်တော့ သတင်းမထွက်တာပဲရှိတာပါ။ တယောက်စ နှစ်ယောက်စ လက်နက်ချသွားသူတွေက အများကြီးရှိနှင့်နေပြီးဖြစ်ပါတယ်။ NLD အမတ်တွေထဲကတောင် တောခိုပြီးကာမှ လက်နက်ချသွားပြီး ရန်သူကို သတင်းပေးားပါတယ်။ ဒီကနေ့ တော်လှန်စစ်ကြီးထဲမှာ အတွေးအခေါ်လက်နက်ကို မတပ်ဆင်ဘဲ မောင်းပြန်သေနတ်ကိုပဲ အဆောတလျင်တပ်ဆင်နေကြပါတယ်။သေနတ်မကိုင်ရရင် ပြန်ဆင်းမယ်၊ထွက်ပြီး တိုက်ရတဲ့နေရာကို သွားမယ်ဆိုတဲ့ အသံတွေ နားနဲ့မဆန့်အောင် ကြားဖူးပြီးပါပြီ။ ရုပ်ဝတ္တုလက်နက်က ပိုက်ဆံရှိရင် ဝယ်ပေးလို့ရပါတယ်။အခု ပိုက်ဆံပေးရင် အခု ရောင်းပေးမယ်ဆိုတဲ့ လက်နက်မှောင်ခိုပွဲစားတွေလို့ ပဲခူးအနောက်ခြမ်းမှာ စခန်းတွေ ဝင်စီးခံရတာမျိုးရှိခဲ့ဖူးပါတယ်။ သဘောတရားမခိုင်မာရင် ဘယ်သူနေနေ၊ ဘယ်အဖွဲ့နေနေ လက်နက်ချဖို့ သေချာသလောက်ပါပဲ။ နဂါးမို့လို့ ဂဠုန်မို့လို့ လက်နက်ချတာ၊ ငါတို့ အစိုးရအောက်က တပ်တွေတော့ အဲ့လိုမဟုတ်ဘူးလို့ ပြောလို့မရပါဘူး။အတွေးအခေါ်မရှိဘဲ ပုဂ္ဂိုလ်ရေးထူထောင်နေတဲ့သူတိုင်းဟာ ဖောက်ပြန်ဖို့ ဖြစ်နိုင်ခြေမျလည်း ခြေချင်းလိမ်နေတဲ့ လောကကြီးပါ။ဒါပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ပေးနိုင်တဲ့သူကတော့ ဒီတော်လှန်ရေးထဲမှာ လက်တဖက်ပြည့်အောင် ရေတွက်နိုင်ဖို့ အတော်ခက်ပါတယ်။ဒီထက်ပိုခက်တာက အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေ မလိုပါဘူး၊စစ်သားက စစ်တိုက်ဖို့ပဲလိုတယ်ဆိုတဲ့ အသိခေါက်ခက် အဝင်နက်တဲ့ နလဗိန်းတုံးတွေ ပေါများနေတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ဗဟိုပြုလက်နက်ကိုင်တပ်များ၏ နေဝင်ချိန် -------------------------------------------------- စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အခြေပြုပြီး လှုပ်ရှားနေတဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.