လူသားအဖြစ်မှလျှော့ချပစ်ခြင်း

လူသားအဖြစ်မှလျှော့ချပစ်ခြင်း

လူသားအဖြစ်မှလျှော့ချပစ်ခြင်း

အပေါ်က စာသားတွေနဲ့ ဘာသာပြန်နဲ့ အတိအကျမတူညီနေတာတွေ့ရပေမယ့် ဆိုလိုရင်းအနက်ကတော့ ထပ်တူကျနေပါတယ်။သူတို့ ဘုန်းကြီးတွေအခေါ် ကျေးKLar ယနေ့ခေတ်အခေါ် တမီ-တွေနဲ့ ဖြစ်တဲ့စစ်ရေးပဋိပက္ခကို ဘုန်းကြီးတွေရဲ့ ထုံးစံအတိုင်း ဘုရင်ကို ဖားယားမြှောက်ပင့်ပြီး အကုသိုလ်ကို ကုသိုလ်ဖြစ်လေဟန် ပြောင်းပြန်ဇောက်ထိုး တယူသန်ဝါဒနဲ့ တရားထူထောင်ခဲ့ကြတာပါ။ သီတဂူက ဒီတရားကို စစ်တပ်ထဲမှာ ဟောခဲ့တာဖြစ်ပါတယ်။သေချာတာက တရားတပိုဒ်လုံးမှာ နားထောင်ကြည့်ရင် စစ်သားတွေကို ဗမာ့စစ်သုံးမြေပုံတင်မကဘဲ ကမ္ဘာ့စစ်သုံးမြေပုံ ကြည့်တတ်အောင်လုပ်ထားဖို့ တိုက်တွန်းတာလည်း ပါနေပါတယ်။ နောက်ထပ်ဆိုးတဲ့အချက် တချက်၊နှစ်ချက်ထပ်ပြောရရင် သီဟိုဠ်ကျွန်းကို ရေလက်ကြားကနေဖြတ်ကျော်ပြီး ဝင်လာတဲ့ တမီ-တွေဟာ ဂျက်ဖနာကျွန်းဆွယ်နဲ့ Sri Lanka မြောက်ပိုင်းမှာ တိုင်းပြည်နိုင်ငံထူထောင်ပြီး ကိုယ့်မင်းကိုယ်ချင်းနေထိုင်ကြတာကို သီတဂူက တမင်လူပါးလာဝတာဆိုတဲ့သဘောမျိုးပြောထားပါသေးတယ်။ဒီဘုန်းကြီးဟာ Human Migration သဘောတရားကို လုံးဝနားမလည်သဘောမပေါက်တာလား၊ဒါမှမဟုတ် ဗုဒ္ဓဘာသာတွေနေဖူးတဲ့နေရာမှာ အခြားဘာသာလူမျိုးတွေ လုံးဝလာနေလို့မရဘူးဆိုတဲ့ တယူသန် နိုင်ငံခြားသားကြောက်ရောဂါရနေတာလား။အကြီးအကျယ်လွဲချော်နေတာတော့ သေချာတယ်။ နောက်ထပ်ပြဿနာတခုကို ထပ်ပြောပါသေးတယ်။ဒုဌဂါမဏိရဲ့အဖေ ဘုရင်ကြီးက သူ့သားကို ပြောတယ်တဲ့။သားရယ် သူတို့တွေ မြောက်ပိုင်းမှာအေးဆေးနေရင် ရပြီ၊ အဖေတို့လည်း တောင်ပိုင်းမှာ အေးဆေးနေကြတာပေါ့၊ စစ်မဖြစ်တာကောင်းတယ်ဆိုတော့ ဒုဌဂါမဏိက သူ့အဖေကို "စစ်မတိုက်ရဲရင် ထမီဝတ်ထား"လို့ ပြောသတဲ့။ဒါလည်း သီတဂူရဲ့ ထိုးဇာတ်ပါ။သီဟိုဠ်မှာ မိန်းမတွေက ထမီမှ မဝတ်တာ။ဆာရီဆို နည်းနည်းယုတ္တိရှိဦးမယ်။ဆိုလိုတာ အမျိုးသမီးတွေဆို ကြောက်တတ်တယ်ဆိုတဲ့ မဟာဖိုကြီးစိုးရေးဝါဒ အရိုးစွဲနေတဲ့ သီတဂူကို မြင်အောင်ကြည့်ဖို့ပါ။ ဒီစာသားတွေရဲ့ မူလဇာစ်မြစ် ဆန်းစစ်ရရင် သီဟိုဠ်ဘုန်းကြီးတွေရဲ့ ဇာတ်ရှုပ်ကို သွားတွေ့ရမယ်။သူတို့တွေဟာ ဗုဒ္ဓဟောတဲ့ပါဋိတော်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ညှပ်ကပ်လုပ်ပြီး ထေရဝါဒသာသနာဆိုတာကြီးကို တည်ထောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဆိုတာ မမေ့ဖို့ပါ။ ဇန်နဝါရီ ၊…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.