မှက်ချက်။ ။စာရေးသူ၏ပုဂ္ဂလိကအာဘော်သာဖြစ်သည်။

အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရှူးက ၁၉၂၇ ခုနှစ်ထဲက"ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်သည် နယ်ချဲ့အရင်းရှင်လက်ဟောင်း ဗြိတိန်နှင့်နယ်ချဲ့အရင်းရှင်လက်သစ်အမေရိကန်တို့ပူးပေါင်းပြီး ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ပြီးကျွန်ဘဝမှလွတ်မြောက်လိုသောကြောင်ရုန်းကန်တိုက်ပွဲဝင်နေသော နိုင်ငံများကို ကြီးမားသောဖိအားဖြင့် ဖိနှိပ်ထားရန်ဖြစ်သည်"ဟု မျော်မြင်သုံးသပ်ပြခဲ့ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က"အမေရိကန်မှာ အစိုးရလုပ်သူဟာWASP(တိုက်ရိုက်ဘာသာပြန်ရင် နကျယ်၊နကျီကောင်) ဆိုတဲ့ဝေါဟာရတောင်ပေါ်ခဲ့ပါတယ်။(W) ဖြူရမယ်၊(As)အင်ဂလိုဆက်စွန်မျိုးနွယ်(အင်္ဂလိပ်မျိုးနွယ်)၊(P) ခရစ်ယာန်(ပရိုစတက်စတင့်ဂိုဏ်းသား)ဖြစ်မယ်လိုတောင်ပြောရတဲ့အထိပဲ"လို့ဆိုခဲ့ပါတယ်။" အမေရိကန်ဟာ လူမည်းတွေပါသမ္မတဖြစ်ခွင့်ရှိ့လာပေမယ့် အမေရိကန်အစိုးရဆိုတာ စီမံခန့်ခွဲရေးအတွက်သာဖြစ်ပါတယ်။အမေရိကန်ကို အဓိကချဲလှယ်ထားတာက‌ မော်ဂန်၊ရော့ချိုင်းတို့လို ငွေဘီလူးမိသားစုကြီး ၂၀၀ ကျော်လောက်ပဲဖြစ်ပြီး အမေရိကန်မှာ ကြိုက်တဲ့သူကြိုက်တဲရာထူးယူလို့ရပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ အဆိုပါမိသားစုဝင်တွေထဲကပဲအလှည့်ကျယူထားတာလို့ နီကိတင်ရဲ့ နိုင်ငံရေးဘောဂဗေဒစာအုပ်မှာ ဖွင့်ဆိုရှင်းလင်းထားပါတယ်။ ယခု ထရန်လက်ထက်မှာ အမေရိကန်ရဲ့အပြု့အမှုများဟာ ဗျောင်ကျကျဗိုလ်ကျစိုးမိုးရေးဆန်လာပါတယ်။ ထရန့်က UN လက်အောက်ခံအဖွဲ့အစည်းတွေကနေ နှုတ်ထွက်လိုက်ပြီး ရံပုံငွေထည့်ဝင်တော့မှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်UN ကို ပစ်ပယ်လိုက်ပြီး ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်ကို ချမှတ်ဖို့ ခြေလှမ်းစလှမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က (Board of Peace) ဆိုပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို တင်လာပါတယ်။အမေရိကန်ဘာလုပ်လုပ်၊အဆိုတင်တင် နောက်ကထပ်ချပ်မခွာလိုက်နေတာက အင်္ဂလန်နဲ့ဩစတေးလျားပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အမေရိကတိုက်ပထဝီဝင်ဖြစ်ပါတယ်။အင်္ဂလန်က ဥရောပပထဝီဖြစ်ပါတယ်။ဩစတေးလျားကအာရှဒေသအတွက် ပထဝီအချက်အချာဖြစ်နေပါတယ်။ အားလုံးက အင်ဂလို-ဆက်ဆွန်ကိုလိုနီဟောင်းတွေဖြစ်လို့ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ဖို့ဆိုတာထက် (Powerful Anglo-Saxon Axis) ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန် ဝင်ရိုးတန်းကို ဦးတည်နေတယ်လို့ မြင်ရပါတယ်။ ဝင်ရိုးတန်းတွေနောက်ကို စပိန်တို့ဟန်ဂေရီတို့လိုက်သလိုခေတ်သစ်ဝင်ရိုးတန်းနောက်လိုက်တွေကလည်း သူ့အကြောင်းနဲ့သူ လိုက်ပါစုဖွဲ့နေကြတာ BOP အစည်းအဝေးတက်တဲ့နိုင်ငံတွေစာရင်းမှာတွေ့နိုင်ပါတယ်။အလားတူ လက်မခံနိုင်တဲ့အုပ်စုများ၊နိုင်ငံများကိုလည်းတွေ့နိုင်ကြပါတယ်။ဒါဟာ အနာဂါတ်စုဖွဲ့မှု့ ကို တင်ကြိုတွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။ *အမေရိကန်ရဲ့(Board of Peace) အစီအစဉ်ဟာ *ပုံဖျက်ထားတဲ့…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.