ကော့စမတ်တစ် ဆာဂျရီ

ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း

ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အတွေး၊ သူ့အမြင်) တော်လှန်ရေးသမားတယောက်ရဲ့ အယူအဆကို မပြောခင် အဖြစ်အပျက်လေးတခုကို အရင်ဆုံး ပြောပြချင်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ PLA ယာယီစခန်းချထားတဲ့ တောစပ်ကနေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ရွာကလေးမှာ ကျနော် နေခဲ့ပါတယ်။ ဒီရွာကတော့ မိုင်းလုံမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့ ဖိုခနောက်ဆိုင်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး နမ့်ပိုင်ချောင်းနဲ့ နီးပါတယ်။နမ့်ပိုင်ချောင်းကိုကျော်ပြီး မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်က တောင်ပေါ်ကချင်ရွာတွေဘက်မှာ MOD ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ KIA နဲ့အတူ တွဲပြီး စခန်းချထားပါတယ်။ တနေ့တော့ ကျနော်ထိုင်ပြီး စာဖတ်နေတဲ့ ခြံထဲကို MOD ရင်းက ရဲဘော်လေးတွေ ဝင်လာပြီး ​ခြံဝင်းထဲပေါက်နေတဲ့ ဌက်ပျောပင်က ဌက်ပျောဖူးတွေ လာတောင်းခူးပါတယ်။သူတို့အတွက် ဟင်းစားအခက်အခဲရှိလို့ လာတောင်းတာ စသဖြင့်ပြောလို့ ကျနော်လည်း ရှိတဲ့ ငါးခြောက်တွေ တချို့ ကြာရှည်ခံအစားအစာတွေပါ ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အပိုချဲ့ကားပြောတာ ဘာတခုမှ မပါပါဘူး။တောထဲမှာနေတဲ့ ရဲဘော်တွေ တကယ်ငတ်တာပါ။ တော်လှန်ရေးသမားအချင်းချင်း ကိုယ်ချင်းစာပါတယ်။ကျနော်တို့လည်း ကောင်းကောင်းစားနေရတာမျိုး မဟုတ်လို့ပါ။တော်လှန်ရေးထဲမှာ အေးအေးဆေးဆေး ခံစားစံစားနေရတဲ့ ရေပေါ်ဆီတွေဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းတဲ့ကိစ္စလို့ ပြောရပါလိမ့်မယ်။ ဒီတော့ အိသဥ္ဇာမောင် တကယ်ပဲ ကော့စမတ်တစ် ဆာဂျရီလုပ်ပြီး မျက်နှာကို အနုစိတ်ပြင်ဆင်ထားသလားဆိုတာ ကျနော် အတိအကျမသိပါဘူး။တကယ်လို့များ( တကယ်လို့များလို့ စကားပလ္လင်ခံထားပါတယ်) ဟုတ်နေခဲ့ရင်တော့ တော်တော်ပြဿနာရှိတဲ့ကိစ္စဖြစ်ပါတယ်။ လစာမရှိတဲ့ ရဲဘော်တွေ စားရမဲ့သောက်ရမဲ့ဖြစ်နေတုန်းမှာ လစာရတဲ့ ဝန်ကြီး ဝန်ကလေးတွေက ဇိမ်ခံနေတယ်ဆိုရင် ကျနော်တို့ မေးခွန်းထုတ်ကြရပါလိမ့်မယ်။ဘယ်သူတွေက မေးခွန်းထုတ်ရမှာလဲ။…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.