ဒီမိုကရေစီသစ် Pageကနေကူးယူဖော်ပြထားတာပါ။

“တကျွန်း … သို့”  — ရဲဘော်ဖိုးသံချောင်း —

“တကျွန်း … သို့” — ရဲဘော်ဖိုးသံချောင်း —

“ကမာရွတ် လမ်းဆုံကွ” တဲ့။ လှမ်းကြည့်လိုက်တော့ လမ်းဆုံ မီးပွိုင့်တွေနားမှာ လက်ပြ ပုလိပ်တွေ ရပ်နေကြတယ်။ ကျန်လမ်းတွေ အားလုံး မီးနီတွေ ပြထားတဲ့ အပြင် ပုလိပ်တွေ လက်ထဲမှာလဲ ညလက်ပြတဲ့ ရေခဲချောင်း လက်နှိပ်ဓါတ်မီးတွေနဲ့ အနီအဖြူ ပြနေကြတယ်။ လမ်းဆုံမှာ ကားတစင်းစ နှစ်စင်းစပဲ ရပ်ထားတာ တွေ့ရတယ်။ ဒို့ကားများကတော့ နည်းနည်းမှ အရှိန်မလျှော့ဘဲ ဆက်မောင်းလာကြတယ်။ အဝိုင်းတခုကိုလဲ ဖြတ်ပြီးရော “ပြည်လမ်းပဲဟေ့” ဆိုပြီး အသံပေါ်လာတယ်။ ၁၈၅၉ ခုနှစ် ကိုကိုးကျွန်းပို့တုန်းက ရေတပ်စခန်းကနေ မီးပြသင်္ဘောနဲ့ ပို့တယ်ဆိုတာ ကြားဖူးထားတာနဲ့ “မန်းကီးပွိုင့် ကိုသွားရင် ဒီကပဲ သွားရလား” လို့ မေးလိုက်မိတယ်။ “ဒီကသွားလဲ ရောက်တာပဲ” တဲ့ သြော်... ပြည်လမ်း၊ ဗမာပြည်ရဲ့ မြို့တော်ကြီး - ရန်ကုန်ရဲ့ အကျယ်ဆုံး၊ အကောင်းဆုံး လမ်းကြီး။ ဖဆပလ ခေတ်က သမ္မတ ဗိုလ်ရှုခံရာလမ်း၊ ၆၂ ခုနှစ် ကျောင်းသား သတ်ပွဲမှာ စစ်ကားတွေ တင့်ကားတွေ မောင်းရာလမ်း၊ ၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသမားတွေကို ကိုကိုးကျွန်းဆီ ခိုးထုတ်ရာလမ်း၊ ၄၈ နောက်ပိုင်း ဗမာပြည်သမိုင်းမှာ အများကြီး အရေးပါတဲ့ လမ်းမကြီးပါပဲ။ ကျွန်းကိုတော့ ပို့ပြီလို့ အသေတွက်လိုက်ပါပြီ။ မန္တလေးထောင်မှာ ၂ နှစ်နဲ့ ၆လ ကျော်၊ တွဲဘက်ထောင်မှာ သီတင်းတပါတ်လောက် နေခဲ့ပြီး - တခါမှလဲ အိမ်နဲ့ မတွေ့ရ၊ စာမရေးရဘဲ ကျွန်းကို ရောက်ရတော့မယ်။…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.