(သူ့အမြင် သူ့အတွေး)

ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း

ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း

ဖေဖော်ဝါရီ ၁၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင် သူ့အတွေး) ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း --------------------------------------------------- ဒီနေ့ဟာ စစ်အာဏာသိမ်း ငါးနှစ်ပြည့်တဲ့နေ့ပါ။ ဒါပေမယ့် လိုင်းပေါ်မှာ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေထက် အညှီအဟောက်သတင်းတွေက ပိုပြီး ပြန့်နှံ့နေပါတယ်။ စစ်အာဏာရှင်စနစ်ကို ဝေဖန်ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က ကြေညာချက်တွေ၊အရေးအသားတွေ၊ ဗွီဒီယို ကလစ်တွေ သိပ်ပြန့်နှံ့တာမတွေ့ရဘဲ စပွန်ဆာရှာတဲ့ ဖုဘလော့ဂါနဲ့ တည သိန်းတရာပေးနိုင်တဲ့ အခွန်ဦးစီးမှုးဆိုတဲ့ အလေဏတောပြဿနာက ပိုပြန့်နှံ့နေတာကို တွေ့ရပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းအရင်းကို ဆန်းစစ်အဖြေရှာကြည့်ရင် တွေ့ရမှာတွေက (၁) ဒီလိုအချိန်မှာ အညှီအဟောက်သတင်းအသံဖိုင်တွေ လိုင်းပေါ်အချိန်ကိုက်တင်တာဟာ စစ်ထောက်လှမ်းရေးရဲ့ လက်ချက်ဖြစ်နိုင်တယ်။ (၂) ဗမာပြည်လူ့အဖွဲ့အစည်းမှာ အခွန်ဦးစီးမှုးတယောက်က လစာထက်မကတဲ့ ငွေကြေးပမာဏတွေကို သုံးပြီး မိန်းမတယောက်ကို ပေးကမ်းနေတာ စစ်အာဏာရှင်စနစ်ရဲ့ အကျင့်ပျက်ခြစားမှုတွေ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ (၃) food blogger ဆိုတဲ့ အလုပ်အကိုင်ဟာ စျေးကွက်စီးပွားရေးစနစ်၊အရင်းရှင်စနစ် ပိုမိုချောမွတ်အောင်လည်ပတ်ရေးအတွက် စျေးကွက်ရှာဖွေပေးရတဲ့ ကြော်ငြာလုပ်ငန်းတမျိုးဖြစ်ပြီး စားသုံးသူဝါဒကို အရှိန်ကောင်းအောင် မီးထိုးပေးတဲ့လုပ်ဟန်တမျိုးဖြစ်တယ်။ (၄) မိမိကိုယ်ကို ထုတ်ဖော်ကြေညာရတဲ့ Personal branding လုပ်ရတဲ့ ဘလော့ဂါဆိုသူတွေဟာ လူအထင်ကြီးအောင် အကောင်းစားပစ္စည်းတွေသုံးပြပြီး အဆင်မြင့်တဲ့ လူနေမှုဟန်ပန်တွေ ( luxurious life style) ကို ဖော်ကျူးပြသကြရတယ်။ဒီအခြေအနေကို ပြသနိုင်ဖို့ ကြံမိကြံရာ စပွန်ဆာရှာတာတွေဖြစ်ကုန်ကြတာမျိုးတွေ ရှိမယ်။တချို့တလေလည်း ဖြစ်မယ်။အကုန်လုံးကို သိမ်းကြုံးမပြောပေမယ့် ဘဝကပေးတဲ့အသိအရာမှာတော့ သိပ်များများစားစား ကွာခြားသွားလိမ့်မယ် မထင်ဘူး။ (more…)
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.