ဘယ်သူ​တွေဘယ်လိုနွှဲမလဲ

အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ

အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ

ဖေဖော်ဝါရီ ၈၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ လမ်းကြား​တွေထဲ မှာလှုံ့​ဆော်မှု စရမယ်ဆိုတာကလည်း ကြိုတင်ပြင်ဆင်ချက်ပါပဲ။ရန်သူအလွယ်တကူ မဝင်​​​ရောက်နိုင်၊မဖြိုခွဲနိုင်ဖို့၊လူထုရဲ့သတင်း​ပေးမှုနဲ့ လုံခြုံနိုင်ဖို့၊ လူထုကိုယ်တိုင် တိုက်ပွဲအစမှာ လုံလုံခြုံခြုံပါဝင်နိုင်ဖို့ စီစဥ်ထားကြတာပါ။ လူထုတကယ်ပါဝင်လာမယ်လို့လည်း ယုံကြည်ထားလို့ပါ။တကယ်လည်း တိုက်​တွေ ​ပေါ်က ​ပြေးဆင်းလာကြ ၊ လမ်းကြား​တွေထဲက ​ပြေးထွက်လာကြ၊ဝရန်တာ​တွေ​ပေါ်က လက်ခုပ်ဝိုင်းတီး၊ လက်​ဝှေ့ရမ်း ​အော်ဟစ်​ကြွေး​ကြော်နှုတ်ဆက်ကြတာပါပဲ။ လူ ၁၀၀ ပတ်ချာလည်နဲ့စထွက်တဲ့ သပိတ်စစ်​ကြောင်း​​​လေးဟာ...စမ်း​ချောင်း၊အလုံ ကြည့်မြင်တိုင် ည​စျေးအ​ရောက်မှာ လူ​သောင်း​ကျော်တဲ့ သပိတ်စစ်​ကြောင်းကြီး ဖြစ်သွားပါပြီ။ ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ်_ ABFFU ​ခေါင်း​ဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူကို​ဌေး​အောင်တို့ တခြားနာမည်​မ​ဖော်ပြနိုင်​သေးတဲ့သူ​တွေက အသင့်ပြင်ဆင်ပြီး ပူး​ပေါင်းခဲ့ကြပါတယ်။ ကျ​နော်တို့စထွက်လာတဲ့ ဦး​ဆောင်သူတချို့က ​နောက်​နေ့အတွက် ​ပြင်ဆင်ဖို့ လူစုခွဲလိုက်​ပေမယ့် လူထုကြီးက​တော့ ၆ရက်​နေ့ ည​နေ မြို့​တော်ခန်းမဆီ ဦးတည်ချီတက်သွားပါပြီ။ အဲ့ည​နေမှာပဲ....ကိုမင်းကိုနိုင်လည်း မြို့​​တော်ခန်းမ​ရှေ့ လူထုကြားထဲက ပြန်ထွက်​ပေါ်လာပါပြီ....။ အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ ---------------------------------------- ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၆ရက်​နေ့နဲ့ပက်သက်ပြီးပဲ ​ပြောမှာမဟုတ်ဘူးဆိုတာ ကြို​ပြောထားပါရ​​စေ။ ကိုယ့်ဘာကိုယ် စိတ်အားတက်ရတာလေးတချို့နဲ့ ​ပြန်​တွေးမိတာ​လေး​တွေ ပြောပြမယ်ဗျာ...။ လှည်တန်းကိစ္စက ကျ​နော်တို့ ထဲထဲဝင်ဝင် မပါဖြစ်လိုက်တာပါ။ ကျ​နော်တို့က လှုပ်ရှားမယ့်ပုံစံချင်းမတူလို့နဲ့ တခြား​ရွေးချယ်မှုရှိလို့ အဲ့​ကော်မတီထဲမပါပဲ၊ တခြားစုဖွဲ့မှုနဲ့ သွားဖို့ဆုံးဖြတ်ပါတယ်။ သူတို့ထဲက ကိုယ်စားလှယ်တ​ယောက်နဲ့လည်း အဲ့ညဘက်​ထိ အ​ကြေအလည်​ဆွေး​နွေးကြပါ​သေးတယ်။ ၆ရက်​နေ့ မနက်အထိလည်း သူတို့ ​ဂရုထဲ ကျ​နော်ရှိခဲ့ပါ​သေးတယ်။ စစ်​ကြော​ရေးမှာလည်း အဲ့ကိစ္စ အထုခံရပါ​သေးတယ် ။ ​နောက်ပိုင်း​တော့ သူတို့လည်း အဖွဲ့ကွဲသွားကြပါတယ်။ အဲ့ကိစ္စ​တွေ အများစု​တော့ ငြင်းကြခုန်ကြဖြစ်ပြီးကြ​​ရော​ပေါ့... ကျ​နော်လည်း အထဲမှာ ၄နှစ်​ကျော်ကြာသွား​တော့ အထဲမှာတုန်းကကျ…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.