လွတ်မြောက်ရာ

အာဏာရှင် နဲ့ လူထုအောင်ပွဲ (တူနီးရှား)

အာဏာရှင် နဲ့ လူထုအောင်ပွဲ (တူနီးရှား)

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ   လွတ်မြောက်ရာ စျေးဝယ်သူ၊ရောင်းသူတွေနဲ့ စည်ကားနေတဲ့လမ်းမထက်တနေရာမှာ လူတယောက်ရဲ့မထင်မှတ်တဲ့ အပြုအမူကြောင့် လူတွေရဲ့အာရုံကသူ့ဆီစုသွားပါတယ်။ အဲဒီလူက လက်ထဲမှာကိုင်ထားတဲ့ ပုံးထဲကအရည်တွေကို ခန္ဓာကိုယ်ပေါ်လောင်းချလိုက်ချိန်မှာ လမ်းမထက်ကလူတွေကသူ့အနားဝိုင်းအုံသွားပါတယ်။ ပြီးတော့ မီးခြစ်ကို ခြစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတို့လိုက်တဲ့နောက် မီးတောက်တွေကခန္ဓာကိုယ်တခုလုံးတောက်လောင်သွားပါတယ်။ အဲဒီ ကိုယ့်ကိုကိုယ် မီးရိူ့လိုက်သူက ဘွဲ့ရရှိထားပြီး လမ်းဘေးမှာ သစ်သီးရောင်းနေတဲ့ အသက်၂၆နှစ်အရွယ် မိုဟာမက်ဘူဇီဇီပါ။ ၂၀၁၀ဒီဇင်ဘာ ၁၇ရက်ကတူနီးရှားနိုင်ငံရဲ့ မြို့တမြို့ရဲ့ လူစည်ကားရာလမ်းမထက်မှာ သူ့ကိုယ်သူမီးရိူ့ပြီး နိုင်ငံမှာ ဆင်းရဲကြပ်တည်းမူဆိုးရွားစွာဖြစ်နေတာကို ထောက်ပြ​တဲ့အနေနဲ့ ဒီနည်းလမ်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ မီးလောင်ဒါဏ်ရာကြောင့်သီတင်းတပတ်အကြာမှာ ဘူဇီဇီသေဆုံးသွားခဲ့ပြီး သူ့ရဲ့လုပ်ရပ်ကကြပ်တည်းဆင်းရဲတဲ့ဒါဏ်အလူးအလဲခံနေရတဲ့ တူနီးရှားနိုင်ငံသားတွေရဲ့အစိုးရအပေါ်မကျေနပ်စိတ်ကိုနိုးဆွလိုက်ပါတယ်။ တူနီးရှားနိုင်ငံကိုသမ္မတဘန်အာလီကအာဏာရှင်ဆန်ဆန် ၂၃နှစ်အကြာ အုပ်ချုပ်နေတာဖြစ်ပါတယ်။ သူ့အုပ်ချုပ်တဲ့ကာလအတွင်းမှာ အလုပ်လက်မဲ့နှုန်းနဲ့ကုန်စျေးနှုန်းက အကြီးအကျယ်မြင့်တက်နေလို့ ဆင်းရဲနွမ်းပါးမူကတိုးသထက်တိုးလာသလို အဂတိလိုက်စားမူအဆိုးဆုံးအခြေအနေရောက်ရှိနေပါတယ်။ ဘန်အာလီကိုယ်တိုင်က နိုင်ငံဘဏ္ဍာကိုကိုယ်ပိုင်ငွေလိုသဘောထားသလို သူ့နောက်လိုက်တွေကလည်း အကျင့်ပျက်ခြစားမူကို ထမင်းစား၊ရေသောက်လို လွယ်လွယ်ကျူးလွန်နေတာဖြစ်ပါတယ်။ (more…)
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.