သူ့အမြင်၊သူ့အတွေး

သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ

သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်၊သူ့အတွေး) သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ ------------------------------------ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်း ကျနော် ဘာဆက်လုပ်မှာလဲလို့ ချစ်ရတဲ့မိတ်ဆွေအရင်းအချာတယောက်မက မေးမြန်းကြတယ်။ဒီမေးခွန်းကို ကျနော် ခုလို ပြန်ဖြေကြားလိုပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ ပုန်းလျှိုးကွယ်လျှိုး သွားလာနေထိုင်နေကြရတဲ့ သမန်းဝံပုလွေတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ကျနော် ဆက်ပြီး တိုက်ပွဲဝင်မှာဖြစ်တယ်။ လပြည့်ညရဲ့ သန်းခေါင်ယံအချိန် အေးစက်တဲ့ လေထုထဲက ပျံ့လွင့်လာတဲ့ အူသံသဲ့သဲ့ကို ကြားမိတိုင်း ရင်ခုန်သံမြန်လာတတ်တဲ့ ကျနော့်အတွက် ဗီဇစိတ်ရဲ့နှိုးစက်နာရီသံလို ဆူညံနေတဲ့ အာလျဆန္ဒတခုကို ဖြည့်ဆည်းဖို့လိုအပ်နေပါတယ်။ အစိုးရအဆက်ဆက်ရဲ့ နိုင်ငံသားဥပဒေပြဌာန်းချက်တွေမှာ ဖယ်ထုတ်တားမြစ်ခံထားရတဲ့ သမန်းဝံပုလွေတွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိစေဖို့ ကျနော် တတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။ မြို့ပြင်ဘက်က ကျောက်လိုဏ်ဂူကြီးတခုထဲမှာ ဖွင့်လှစ်ထားမယ့် ကျနော့်ရဲ့ ရုံးခန်းထဲမှာ ကျောက်စားပွဲခုံတလုံးရှိမယ်။စားပွဲပေါ်မှာတော့ "ဖန်နရီယာ"ရဲ့ ကိုယ်တပိုင်းပုံရုပ်ထုကို အလှဆင်ထားမယ်။ စာရွက်စာတမ်းပေါင်းစုံနဲ့ ရေးလက်စပိုစတာတွေမှာ သမန်းဝံပုလွေပုံ ရောင်စုံပန်းချီစုတ်ချက် ကြမ်းကြမ်းတွေနဲ့ ကြွေးကြော်သံစာသားတွေ ပြည့်နှက်နေမယ်။ ညလူခြေတိတ်ချိန် ချီတက်ပြေးလွှားပွဲတွေနဲ့ သံပြိုင်အူသံတွေဟာ သွေးစည်းညီညွတ်တဲ့ သမန်းဝံပုလွေထုကို လှုပ်နှိုးလိုက်တဲ့ စစ်ချီသံတွေပဲဖြစ်တယ်။ ပါလီမန်ရှေ့မှာ စုဝေးနေတဲ့ သမန်းဝံပုလွေတွေကြားမှာ ကင်မရာကိုချိန်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ သမန်းဝံပုလွေအခွင့်အရေးကို ပိတ်ပင်တဲ့ မျိုးစောင့်ဥပဒေတွေကို ဖျက်သိမ်းဖို့ တောင်းဆိုရမယ်။ (more…)
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.