စိမ်းမောင်

ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ဇန်နဝါရီ ၂၅၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ WHOကပဲထွက်ထွက်၊UN ကပဲထွက်ထွက် ကမ္ဘာအရင်းရှင်(တရုတ်ပါ)အချင်းချင်း ဈေးကွက်ဝေစုနဲ့ ကုန်ကြမ်းအဝေမတည့်မှု့ကနေ အခြေခံတာကို ယူကရိမ်းစစ်ပွဲနဲ့ ပက်သက်ပြီး ထရမ့်က မြေရှားကိစ္စ တောင်းတာကို ကြည့်ရင်မြင်နိုင်ပါတယ်။ ရုရှားနဲ့အမေရိကန် မြေရှားအတူ မျှသုံးကြရအောင်လေဆိုရင်း ယူကရိမ်း ပြည်သူတွေအဖို့တော့ ဟာသ သရုပ်ဆောင်တစ်ယောက်ကို ရွေးချယ်မိတဲ၊ဂျူး တစ်ယောက်ကို ရွေးချယ်မိတဲ့ အမှားလို့ပဲပြောရပါတော့မယ်။ ယူကရိမ်းစစ်တပ်က မှားသွားမှန်းသိပေမယ့် ရပ်လို့ မရတော့ ဒရင့်တိုက်လိုက်ရင်းနဲ့ပဲ ယူကရိမ်းထောင်းလမောင်းကြေသွားတာပါပဲ။ မြန်မာနိုင်ငံက ဒီမိုကရက်အာဂျင်ဒါ ပေးစာ၊ကမ်းစာ သမားတွေ အခု ထရမ့်ရဲ့ ယူကရိမ်း မြေရှားကိစ္စမှာ ဘာအသံမှ မထွက်တာကို ကြည့်ရင် တရားရစရာပါ။ ဒီမိုကရက်ပေးစာကမ်းစာသမားတွေခမျာလည်း ထရမ့် စိတ်မဆိုးအောင် နေတတ်သလို ကြည့်နေနေကြရတာကြည့်ပြီးမျိုချနေရတဲ့ ဟိုအခွင့်အရေး၊ဒီအခွင့်ရေး၊ပါပီလေး၊ပူစီလေး အခွင့်အရေးတွေကို ကြည့်ပြီး စိတ်ထဲတယ် မကောင်းလှပါဘူး။ အမေရိကန်မှာ ဖြစ်ပျက်သမျှတွေဟာ ဒီ ထရမ့်ကြီးကြောင့်လိုပဲ အတွေးတိမ်နေဦးမယ်ဆို ထရမ်းက အော်ခိုင်းတာ ပြောင်းအော်ကြရဦးမယ်သူတွေအနေနဲ့ အခကြေးစား ဘာ၊ညာ ဝါဒီများ ဘဝ ဒီတစ်ခါ တစ်ကယ် ပြည်သူက မြင်သွားကြမှာဖြစ်ပါတယ်။ ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့ ----------------------------------- WHO ကနေ ထရမ့်နှုတ်ထွက်တာနဲ့ပက်သက်ပြီး ဆေးကုန်သည် ဝထ္တုရယ်၊ကိုဗစ်ကာလကထွက်တဲ့ မိစ္ဆာရယ် တွဲဖတ်ရင်တော့ တစ်ခုခုရမယ်ထင်ပါတယ်ဗျ။ ဆေးကုန်သည် ဝတ္ထုကြီးထဲမှာ အမေရိကန် FDA ရယ်၊WHO ရယ်၊ ဆေးကုမ္ပဏီတွေရဲ့ လူမဆန်တဲ့ ကစားကွက်တွေရယ်ကို လေ့လာမှတ်သားရပါတယ်ဗျ။ ထရမ့်နဲ့ ဒီမိုကရက်တွေကြားထဲမှာ ကိုဗစ်ကာလ ကျမ်းမာရေးစောင့်ရှောက်မှု့နဲ့ကာကွယ်ဆေးထိုးနှံပေးရေး ကြားထဲမှာ တိုက်ပွဲအကြီးကြီးဖြစ်ခဲ့တာကို…
Read More
အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရှူးက ၁၉၂၇ ခုနှစ်ထဲက"ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်သည် နယ်ချဲ့အရင်းရှင်လက်ဟောင်း ဗြိတိန်နှင့်နယ်ချဲ့အရင်းရှင်လက်သစ်အမေရိကန်တို့ပူးပေါင်းပြီး ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ပြီးကျွန်ဘဝမှလွတ်မြောက်လိုသောကြောင်ရုန်းကန်တိုက်ပွဲဝင်နေသော နိုင်ငံများကို ကြီးမားသောဖိအားဖြင့် ဖိနှိပ်ထားရန်ဖြစ်သည်"ဟု မျော်မြင်သုံးသပ်ပြခဲ့ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က"အမေရိကန်မှာ အစိုးရလုပ်သူဟာWASP(တိုက်ရိုက်ဘာသာပြန်ရင် နကျယ်၊နကျီကောင်) ဆိုတဲ့ဝေါဟာရတောင်ပေါ်ခဲ့ပါတယ်။(W) ဖြူရမယ်၊(As)အင်ဂလိုဆက်စွန်မျိုးနွယ်(အင်္ဂလိပ်မျိုးနွယ်)၊(P) ခရစ်ယာန်(ပရိုစတက်စတင့်ဂိုဏ်းသား)ဖြစ်မယ်လိုတောင်ပြောရတဲ့အထိပဲ"လို့ဆိုခဲ့ပါတယ်။" အမေရိကန်ဟာ လူမည်းတွေပါသမ္မတဖြစ်ခွင့်ရှိ့လာပေမယ့် အမေရိကန်အစိုးရဆိုတာ စီမံခန့်ခွဲရေးအတွက်သာဖြစ်ပါတယ်။အမေရိကန်ကို အဓိကချဲလှယ်ထားတာက‌ မော်ဂန်၊ရော့ချိုင်းတို့လို ငွေဘီလူးမိသားစုကြီး ၂၀၀ ကျော်လောက်ပဲဖြစ်ပြီး အမေရိကန်မှာ ကြိုက်တဲ့သူကြိုက်တဲရာထူးယူလို့ရပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ အဆိုပါမိသားစုဝင်တွေထဲကပဲအလှည့်ကျယူထားတာလို့ နီကိတင်ရဲ့ နိုင်ငံရေးဘောဂဗေဒစာအုပ်မှာ ဖွင့်ဆိုရှင်းလင်းထားပါတယ်။ ယခု ထရန်လက်ထက်မှာ အမေရိကန်ရဲ့အပြု့အမှုများဟာ ဗျောင်ကျကျဗိုလ်ကျစိုးမိုးရေးဆန်လာပါတယ်။ ထရန့်က UN လက်အောက်ခံအဖွဲ့အစည်းတွေကနေ နှုတ်ထွက်လိုက်ပြီး ရံပုံငွေထည့်ဝင်တော့မှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်UN ကို ပစ်ပယ်လိုက်ပြီး ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်ကို ချမှတ်ဖို့ ခြေလှမ်းစလှမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က (Board of Peace) ဆိုပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို တင်လာပါတယ်။အမေရိကန်ဘာလုပ်လုပ်၊အဆိုတင်တင် နောက်ကထပ်ချပ်မခွာလိုက်နေတာက အင်္ဂလန်နဲ့ဩစတေးလျားပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အမေရိကတိုက်ပထဝီဝင်ဖြစ်ပါတယ်။အင်္ဂလန်က ဥရောပပထဝီဖြစ်ပါတယ်။ဩစတေးလျားကအာရှဒေသအတွက် ပထဝီအချက်အချာဖြစ်နေပါတယ်။ အားလုံးက အင်ဂလို-ဆက်ဆွန်ကိုလိုနီဟောင်းတွေဖြစ်လို့ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ဖို့ဆိုတာထက် (Powerful Anglo-Saxon Axis) ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန် ဝင်ရိုးတန်းကို ဦးတည်နေတယ်လို့ မြင်ရပါတယ်။ ဝင်ရိုးတန်းတွေနောက်ကို စပိန်တို့ဟန်ဂေရီတို့လိုက်သလိုခေတ်သစ်ဝင်ရိုးတန်းနောက်လိုက်တွေကလည်း သူ့အကြောင်းနဲ့သူ လိုက်ပါစုဖွဲ့နေကြတာ BOP အစည်းအဝေးတက်တဲ့နိုင်ငံတွေစာရင်းမှာတွေ့နိုင်ပါတယ်။အလားတူ လက်မခံနိုင်တဲ့အုပ်စုများ၊နိုင်ငံများကိုလည်းတွေ့နိုင်ကြပါတယ်။ဒါဟာ အနာဂါတ်စုဖွဲ့မှု့ ကို တင်ကြိုတွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။ *အမေရိကန်ရဲ့(Board of Peace) အစီအစဉ်ဟာ *ပုံဖျက်ထားတဲ့…
Read More
ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”

ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”

ဇန်နဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ ပြည်တွင်းအင်အားကိုတည်ဆောက်ရမည်ဖြစ်ပြီး၊နိုင်ငံတစ်ကာအစီအစဉ်ကို ပုံဖော်ချမှတ်နိုင်မှသာ စိန်ခေါ်မှု့များကိုဖြေရှင်းနိုင်မည်ဖြစ်သည်"ဟုဆိုထားရာ အမေရိကန်မိတ်ဂရိပ်အဂိမ်းပင်ဖြစ်သည်။စာတန်းပါအသေးစိတ်လုပ်ငန်းစဉ်များသည် ယခုထရန့်လုပ်ဆောင်နေသည်များနှင့်သဘောသဘာဝအတူတူပင်ဖြစ်သည်။ အမေရိကန်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးနှင့်ပက်သက်၍ အိုဘားမားပေါ်လစီမှာ"လိုအပ်လျင် အများသဘောမလို၊တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိ့သည်"ဆိုသည့်အတွက်လိုအပ်လျင် တစ်ကိုယ်တော်ကြိတ် အင်အားသုံးရန်ဝန်မလေးဆိုသည့်သဘောဖြစ်သည်။ ဒီမိုကရက်သမ္မတ ကလင်တန်၏ဝါဒမှာလည်း"ဖြစ်နိုင်သမျှအများနှင့်လက်တွဲဆောင်ရွက်မည်၊လိုအပ်လျင်တစ်ဦးတည်းလုပ်မည်"(together when possible, alone when necessary) ပင်ဖြစ်သည်။ အမေရိကန်၏ ကမ္ဘာ့အစီအစဉ်ကိုလိုက်နာရန်မလိုအပ်သည့် "လိုအပ်လျှင်တစ်ကိုယ်ကြိတ်ဝါဒကျင့်သုံးမှု့ပေါ်လစီ"ကို အမေရိကန်တစ်နိုင်ငံတည်းသာမက ရုရှားကဲ့သို့ အခြားစူပါပါဝါနိုင်ငံများကလည်း လက်တွေ့ကျင့်သုံးလာကြသည်မှာ လက်တွေ့ပင်ဖြစ်နေသည်။ယခုသမ္မတထရန့်လက်ထက်တွင်လည်း လက်တွေ့ကျင့်သုံးနေရာ ယခု ဗင်နီဇွဲလား ကိစ္စမှာ လတ်တလောဖြစ်စဉ်ပင်ဖြစ်သည်။ အမေရိကန်၏ ပထဝီနိုင်ငံရေးပညာရှင် ရေတပ်ပဲ့သူကြီး မဟန်းမှ သမုဒ္ဒရာနှစ်စင်းကို တူးမြောင်းဖောက်ဆက်သွယ်ရန်ကြိုတင် ဖော်ထုတ်ခဲ့သည်။အလယ်ဗဟိုအမေရိကတိုက်ရှိ့ပနားမားဒေသအား ကိုလံဘီယာနိုင်ငံမှခွဲထွက်ရေးကို အမေရိကန်မှ ကူညီခဲ့ပြီး ပနားမားနိုင်ငံသစ်ကို ထူထောင်စေခဲ့သည်။ထို့နောက် အမေရိကန်မှ ပနားမားတူးမြောင်းကို ဖောက်လုပ်ခဲ့သည်။ ပနားမားတွင် လက်ဝဲဝါဒီ ဒုဗိုလ်မှုးကြီး တိုရီဂျိုးက အာဏာသိမ်းပြီး ပနားမားတူးမြောင်းကို ပြည်သူပိုင်သိမ်းရန်နှင့်အမေရိကန်တောတွင်းတိုက်ခိုက်ရေးကျောင်းကိုပိတ်သိမ်းရန်အားထုတ်လာသည်။ဤတွင် အ‌မေရိကန် CIA သတင်းပေးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနော်ရီရေးဂါးအားအာဏာသိမ်းစေခဲ့သည်။တိုရီဂျိုးမှာလည်း လေယဉ်ပျက်ကျကာ သေဆုံးခဲ့သည်။ နော်ရီရေးဂါးသည် အမေရိကန် CIAနှင့်DEA အတွက်ဆက်လက်လုပ်ကိုင်ပေးနေသော်လည်း စစ်အေးတိုက်ပွဲအပြီးတွင် နော်ရီရေးဂါးကို ဖယ်ရှားရန်ဖိ့အားပေးလာသည်။ ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)" မွန်ရိုးအခြေခံမူ" ----------------------------------------------------- "ကမ္ဘာသစ်ခေါ် အမေရိကတိုက်များပေါ်ရှိ နိုင်ငံများအရေးအခင်းတွင် ဥရောပနိုင်ငံများစွတ်ဖက်ခွင့်မရှိ့"ဟု ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတမွန်ရိုးက အတိအလင်းကြေငြာလိုက်သည်။ (Monroe Doctrine)" မွန်ရိုးအခြေခံမူ"ဟုခေါ်ဆိုကြသည်။ ဥရောပနပိုလီယံစစ်ပွဲများကာလတွင် စပိန်၊ပေါ်တူဂီစသဖြင့်နိုင်ငံများသည် ၎င်းတို့၏လက်တင်အမေရိက ကိုလိုနီနယ်များကို လက်လွတ်ဆုံးရှုံးခဲ့ကြသည်။နပိုလီယံစစ်ပွဲများပြီးဆုံးသွားပြီးနောက် စပိန်သည် ၎င်းဆုံးရှုံးထားသော လက်တင်အမေရိက ကိုလိုနီနယ်များကို ပြန်လည်ရယူလိုသော်လည်း ဗြိတိန်ကကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးသက်တမ်းနုသေးသော…
Read More
UNSC နှင့် Daw Suu Factor

UNSC နှင့် Daw Suu Factor

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သို့သော်သတင်းဌာနအများ၏တင်ဆက်မှု့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အချက်ဖြင့်သတင်းတင်ဆက်ကြသည်။ထင်ရှားသူအချို့၏ ရေးသားဖြန့်ဝေမှု့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသာပါသည်ကိုတွေ့ရသည်။ UNSC Press Release တွင် It also urged the Myanmar military to immediately release all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi. ဟုဖော်ပြပါရှိ့ရာ သတင်းမီဒီယာများမှာ ထိုအပေါ်တွင်အခြေခံပုံရသည်။ VOA မှထုတ့်လွင့်သောဆွေးနွေးပွဲတွင် အမေရိကန်နှင့်အင်္ဂလန်သံအမတ်များအပါအဝင် သံအမတ်အချို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ညွှန်းဆိုထည့်သွင်းပြောကြားသွားကြသည်။ UNSC ၏ Statement နှင့်ဗြိတိန်မှတင်သွင်းသောအဆိုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို သီးခြားထည့်သွင်းထားခြင်းရှိ့မရှိ့မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ လူသိများပြီး၊ဖေ့ဘုတ်တွင်ထင်ရှားသူ NUG ဝန်ကြီးတစ်ဦး၏ UNSC ဆုံးဖြတ်ချက်အကြောင်းတင်ပြချက်တွင် ' နိုင်ငံရေးအကျဉ်းသားများအပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးရေး'ဟုထိမ်းထိမ်းသိမ်းသိမ်းရေးသားထားသည်ကိုတွေ့ရသည်။UNSC ၏ Statement အပြည့်အစုံကိုစောင့်နေရ၍ဟုမြင်မိ့သည်။ UNSC ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ညွန်းဆိုထားခြင်းပါမပါသည် ကြီးမားသည်နိုင်ငံရေးအကျိုးသက်ရောက်မှု့၊ရိုက်ခတ်မှု့ရှိ့သည့်ကိစ္စဖြစ်၍နေသည်။ Press Release နှင့် ဆွေးနွေးပြောဆိုချက်များအရဆိုလျှင် အပြောကတော့ရွှေမန်းပင်ဖြစ်သည်။ထွက်လာတော့ချိုမိုင်မိုင် ဟုတ်မဟုတ်စောင့်ကြည့်ရန်လိုလာပုံရကြသည်။ ပြန်ဆက်ရလျှင် မြန်မာ့နိုင်ငံရေး၌ Daw Suu Factor သည်ယနေ့အထိ့ Bunning Question ဖြစ်နေဆဲ အင်အားစုများရှိ့သည်။ သဘာဝကျသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်လည်းသဘောထားကြသည်။ သို့သော် ကြီးမားသည့်အလှည့်အပြောင်း၊နိုင်ငံတစ်ကာအခြေအနေအပြင်၊ပြည်သူလူထုအများစုကြီး၏ထောက်ခံ(ကျောထောက်နောက်ခံ) ထားမှု့အရ ၊ လတ်တလောအခြေအနေအပေါ်အခြေခံ၍ဒေါ်အောင်စုကြည်အခန်းကဏ္ဍနှင့်ပက်သက်၍ အခြေခံမှုတစ်ရပ်ကို တစ်ဦးချင်းပုဂ္ဂလိကဖြစ်စေ၊အဖွဲ့အစည်းသဘောဖြစ်စေချမှတ်ထားကြမှသာ သင့်လျော်သည့်တုံ့ပြန်မှု့၊မူအပေါ်အခြေခံသည့်တုံ့ပြန်မှု့ပေါ်ထွက်နိုင်မည်ဖြစ်သည်။သိုမဟုတ်ပါက ပုဂ္ဂလိကစိတ်ခံစားချက်အခြေခံသည့် အတ္တနောမတိ များပွင့်အန်ထွက်လာပါက ပြည်သူအမြင်နှင့်ဖိလာဆန့်ကျင်ဖြစ်သွားနိုင်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ဆရာဦးလှရွှေ (အောင်သာပီသုံးလုံး)…
Read More
မြေကြီး၊ မြေပုံတည်မြဲရေးအတွက် မြင့်မြင့်တက်၊ ဝေးဝေးကြည့် နိုင်ကြပါစေကြောင်း

မြေကြီး၊ မြေပုံတည်မြဲရေးအတွက် မြင့်မြင့်တက်၊ ဝေးဝေးကြည့် နိုင်ကြပါစေကြောင်း

မြေကြီး၊ မြေပုံတည်မြဲရေးအတွက် မြင့်မြင့်တက်၊ ဝေးဝေးကြည့်နိုင်ကြပါစေကြောင်း ----------------------------------------------- ဒီဇင်ဘာ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်က ငွေလိမ်ဂိုဏ်းတွေနှိမ်နင်းဖို့ အထူးအလုပ်အဖွဲ့ ဖွဲ့တယ်။ဥပဒေပြဌာန်းတယ်။စကမ ပြောရေးဆိုခွင့် ဇော်မင်းထွန်းက Hidden Agenda ဖုံးကွယ်ထားတဲ့၊လျှိုဝှက်အစီအစဉ်ရှိတယ်လို့ထွက်ပြောပါတယ်။ နောက်ဆက်တွဲသတင်းမျိုးစုံတွေကတော့ ကျားဖျန့်တွေ ရန်ကုန်နဲ့မြန်မာပြည်အတွင်းပိုင်းမြို့ကြီး‌တွေကို ပြောင်းရွေ့အခြေစိုက်တဲ့သတင်းတွေတက်လာပါတယ်။ နောက် ထူးခြားချက်တစ်ခုကတော့ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ကွန်ဒိုအထပ်မြင့်အိမ်ရာအရောင်းမြင့်တင်ရေးကြေငြာတွေ အုံနဲ့ကျင်းနဲ့တက်လာတာကိုတွေ့ရပါတယ်။ တရုတ်ရဲ့ဖိ့အားနဲ့ကျားဖျန့်နိုမ်နင်းရေးကတော့ ကရင်ပြည်နယ် KK Parkနဲ့ရွှေကုက္ကိုလ်က ကျားဖျန့်စင်တာတွေဖျက်ဆီးပြတဲ့သတင်းနဲ့အချိန်ကိုက်ဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီးက ဘားအံနဲ့မော်လမြိုင်ကို လက်တလောသွားပါတယ်။လန်းချန်း-မဲခေါင် စီမံကိန်းတွေ အတွက်ပြောကြားသွားတာ တွေ့ရပါတယ်။ တရုတ်က သူ့ရဲ့ ၅ နှစ်စီးပွားရေးစီမံကိန်းနဲ့ အိမ်နီးနားချင်းများပူးတွဲ အကျိုးခံစားခွင့်ဆိုတာကိုလည်း လက်တလော သံရုံးက ပြောကြားနေတာလည်း တွေ့ရပါတယ်။ နောက် တော်လှန်ရေးအဖွဲ့တွေရဲ့ ၁၉ဖွဲ့ တပ်ပေါင်းစုသတင်းက ရှေ့တန်းရောက်လာပါတယ်။NUG အပါအဝင်၊အဖွဲ့အများစုက အားပေးတဲ့သဘော စာထုတ်ကြတာကို တွေ့ရပါတယ်။ ပြောရေးဆိုခွင့် ခွန်ဘီထူးကလည်း NUG အပါအဝင်၊EROs များနဲ့လည်း ဆွေးနွေးခဲ့တဲ့အကြောင်းပါပါတယ်။ (more…)
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.